မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ဩဂုတ်လ ၅ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဩဂုတ်လ ၅ ရက်မှစတင်ကာ မြေသားအိကျ၍ မြေပြိုကျမှုများဖြစ်ပေါ်ခဲ့ရသည်။ထိုသို့ မြေပြိုကျမှုများကြောင့် မိုးကုတ်မြို့နယ်ရှိ ကျပ်ပြင်ရပ်ကွက်၏ အနောက်ဘက်ပန်းမရပ်၊ ရွှံ့ပန်းရပ်ကွက်၊ ကျောက်ဆင်ကျေးရွာနှင့်ဘော်မားကျေးရွာများ၌ လူနေအိမ်များပြိုကျပျက်စီးခြင်း၊ အုတ်တံတိုင်းများပြိုကျပျက်စီးခြင်း၊ကတ္တရာလမ်းများနိမ့်ဝင်ပျက်စီးခဲ့သဖြင့် မော်တော်ယာဉ်များဖြတ်သန်းသွားလာနိုင်ခြင်းမရှိဘဲ လမ်းများယာယီပိတ်ထားခဲ့ရသည်။ အဆိုပါနေရာများသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ ပြည်သူများဘေးအန္တရာယ်မဖြစ်စေရန်လိုအပ်သောကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခြင်း၊ မြေပြိုကျမှုကြောင့်…