ပထမအကြိမ် မြန်မာ-ထိုင်း(ကော့သောင်း-ရနောင်း)နှစ်နိုင်ငံနယ်စပ်ဆက်ဆံရေးရုံး(BLO) အစည်း အဝေးအား နိုဝင်ဘာ ၁၄ ရက်နံနက် ၁၀ နာရီက ကော့သောင်းခရိုင် ရဲတပ်ဖွဲမှူးရုံး၌ပြုလုပ်စဥ် နှစ်နိုင်ငံတာဝန်ရှိသူများက ဆွေးနွေးခဲ့ကြခြင်းဖြစ် ပါတယ်။
အစည်းအဝေးတွင် မြန်မာ-ထိုင်းနှစ်နိုင်ငံ နယ်စပ်ဒေသများကြား တရာမဝင်လမ်းကြောင်းများမှ အပြန်အလှန်ဝင်ရောက်မှုများ၊ နိုင်ငံဖြတ်ကျော် မူးယစ်ဆေးဝါးရောင်းဝယ်မှုတိုက်ဖျက်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျောက် ဖြစ်ပွားလေ့ရှိသည့် ဒုစရိုက်မှုခင်းနှိမ်နင်းမှုဆိုင်ရာများအား ဆွေးနွေးခဲ့ကြပြီး
-နယ်စပ်ဖြတ်ကျော် လူမှောင်ခိုနှင့်လူကုန်ကူးမှုဆိုင်ရာများ၊
-နယ်စပ်ဒေသများအတွင်း အ ကြမ်းဖက်အဖွဲ့များ ရှာဖွေဖေါ်ထုတ်ရေးဆိုင်ရာ များ၊
-နှစ်နိုင်ငံနယ်စပ်ဒေသများအတွင်း နေထိုင်သည့် ပြည်သူများ၏ လူမှုဘဝအေးချမ်းသာယာရေးအတွက် အတူတကွပူးပေါင်းဖြေရှင်းဆောင် ရွက်ကြမည့် လုပ်ငန်းဆိုင်ရာများ၊
-နှစ်နိုင်ငံဆက် ဆံရေးရုံးများကြား အပြန်အလှန် ပူးပေါင်းဆောင် ရွက်ရေးဆိုင်ရာ စံပြုလုပ်ထုံးလုပ်နည်းများအပါ အဝင် လုပ်ငန်းလိုအပ်ချက်များ၊
နှင့်ရှေ့ဆက်ဆောင် ရွက်မည့် လုပ်ငန်းများအား ဆွေးနွေးညှိနိုင်ခဲ့ကြကြောင်းသိရှိရပါတယ်ရှင်။



