ပြင်ဦးလွင် ပန်းပွဲတော်ကို ၂၀၁၉ခုနှစ်တွင် နောက်ဆုံးကျင်းပခဲ့ခြင်းဖြစ်ပြီး ပြန်လည် မကျင်းပဖြစ်သည်မှာ ၂ နှစ်ရှိခဲ့ပြီ ဖြစ်ပါတယ်။
ကိုဗစ်ကာလ ကျန်းမာရေးအခက်အခဲများကြောင့် မကျင်းပဖြစ်ဘဲ ယခု (၁၅) ကြိမ်မြောက်အဖြစ်ပြန်လည် ကျင်းပမည့် ပြင်ဦးလွင်
ပန်းပွဲတော်ကို နှစ်စဉ်ကျင်းပရက်ဖြစ်တဲ့ ၁၅-၁၂-၂၀၂၂ရက်နေ့မှ ၁၅-၁-၂၀၂၃ ရက်နေ့အထိ တစ်လကြာ ကျင်းပမှာဖြစ်ပြီး ပန်းပွဲတော်နှင့်အတူ စတိတ်ရှိးပွဲနှင့်ဈေးရောင်းပွဲများ ထည့်သွင်းပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ပြင်ဦးလွင် ပန်းပွဲတော်ဈေးရောင်းပွဲအတွက် ဆိုင်ခန်းများစတင်ရောင်းချနေပြီ ဖြစ်ကြောင်းသိရပါတယ်။
တောင်ပေါမြို့လေးမှာ ကျင်းပတဲ့ ပန်းပွဲတော်မှာ ဆုံတွေ့ကြမယ်နော်………
ကိုဗစ်ကာလမှာ မကျင်းပဖြစ်ခဲ့တဲ့ ပြင်ဦးလွင်ပန်းပွဲတော်ကို ယခုနှစ်မှာ ပြန်လည်ကျင်းပမှာဖြစ်လို့ လာရောက်အပန်းဖြေတဲ့ ပြည်သူတွေအတွက် ပန်းပွဲတော်က ဆွဲဆောင်မှုအပြည့်နဲ့ ပျော်ရွှင်စရာကောင်းမှာ သေချာပါတယ်.........
ပြင်ဦးလွင်မှာ အပန်းဖြေစရာ ပန်းခြံတွေ၊ ခရီးသွားနေရာအသစ်တွေ ဖော်ဆောင်ထားတဲ့အတွက် အခြားစိတ်ဝင်စားစရာ ကောင်းပြီး လှပတဲ့ နေရာတွေကိုလည်း သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်...........


