စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများကို မေလ (၂၄) ရက် နံနက်ပိုင်းက ကသာမြို့တော်ခန်းမတွင် ပေးအပ်ထောက်ပံ့ခဲ့ကြောင်း သိရသည်။ ယာယီနေရပ်စွန့်ခွာ ပြည်သူတစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၀,၀၀၀) နှုန်းဖြင့် (၃) လစာ လူဦးရေ (၃၄၆) ဦး အတွက်ထောက်ပံ့ငွေ ကျပ်် (၂၀,၇၆၀,၀၀၀) ကို ကသာခရိုင်၊ ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏…