ပံ့သကူ ပစ်တယ်ဆိုတာ ဘာလဲ

ဒီဘက်ခေတ်မှာ လူငယ်တော်တော်များများ မကြားဖူးတော့ဘဲ တိမ်မြုပ် ပျောက်ကွယ်လာနေပြီဖြစ်တဲ့ အလေ့တစ်ခုပါ။
ကိုယ် လှူချင်၊ တန်းချင်တဲ့ ပစ္စည်း ၊ ငွေကြေး၊ အသုံးအဆောင်ပစ္စည်းတစ်ခုခုကို အိတ်တစ်လုံးထဲမှာ ထည့်ပါ…
ပြီးရင် လူမမြင်နိုင်တဲ့ အချိန်မှာ လမ်းနေရာတစ်ခုခုမှာ သွားပြီး ချထားပါ။
ခြွင်းချက် နည်းနည်း ရှိပါတယ်။
အဲဒီလို ချထားတဲ့အခါမှာ ဘယ်သူ မှ သိလို့ မဖြစ်ပါဘူး .။ ကိုယ် တစ်ယောက် သာ သိရပါမယ်။
လူသွားလမ်း နဲ့ လူတွေ တွေ့မြင်နိုင်တဲ့ နေရမျိုးလည်း ဖြစ်ရပါမယ်။ အလှူဆိုပြီး ရေထဲ ပစ်ချလိုက်သလို မျိုးတော့ မဖြစ်ရပါဘူး ..။
နောက် တစ်ရက်မှာ ကိုယ် လှူလိုက်တဲ့ ပစ္စည်းကို ရသွားတဲ့ လူက ကောင်းချီးမင်္ဂလာပေးတဲ့အခါမှာ ကုသိုလ်ရပါလိမ့်မယ်။
အဲဒီ ကုသိုလ်ဟာ ( ရှေးအရင်က ရဟန်းတွေဟာ လှည့်လည်အလှူခံခြင်းမပြုဘဲ၊ အမှိုက်ပုံ ..စတဲ့ နေရာတွေကနေ အဝတ်စုတ်တွေ ကောက်ယူပြီး
သင်္ကန်း ချုပ်ဝတ်လေ့ရှိပါတယ်။ အဝတ်ကောင်းကောင်းလေးရပြီဆိုရင် အဲဒီရဟန်းအဖို့ တစ်နွေစာ တရားအားထုတ်လို့ ရနိုင်ပြီပေါ့ ..)
ခုနရဟန်းတစ်ပါးဟာ အဝတ်ကောင်းကောင်းလေးတစ်ခု ရသွားတဲ့အခါမှာ ဖြစ်တဲ့ ပီတိနဲ့ အလားတူပါတယ်။ ကုသိုလ်ရပုံချင်းလည်း တူပါတယ်။
ဒါကြောင့် ” ပံ့သကူ ပစ်တယ်” ဆိုတဲ့ စကားပေါ်ပေါက်လာတာပါ…