တချိုလူတွေရှိတယ် ငြိမ်ခံနေတုန်းကမမြင်ဘူး။ထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုး။တချိုလူတွေရှိတယ်ခေါင်းပေါ်တက်နင်းခံရတာမသိဘူး။ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှကိုယ်က အာကြမ်းတယ်ဆိုတာမျိုး။တချိုလူတွေရှိတယ်မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး။ဒဲ့ပြောလိုက်မှ ကိုယ်ကလူကြမ်းတစ်ယောက်ဆိုတာမျိုး။တချိုလူတွေရှိတယ်တသက်လုံးသည်းခံလာတာကို မစာနာကြဘူး။ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူးဆိုတာမျိုး။တချိုလူတွေရှိတယ်အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူး။အပေါ်ယံကောင်းပြတာကိုမှအဟုတ်ထင်တတ်ကြတာမျိုး။တချိုလူတွေရှိတယ်စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး။ဟန်ဆောင်တတ်တဲ့လူကိုမှအမှန်အကန်ထင်တတ်ကြတာမျိုး။တချိုလူတွေရှိတယ်ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး။ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နဲ့တစ်ဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး။တချိုလူတွေရှိတယ်ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိစော်ကားတဲ့ စကားပြောတတ်ကြတာမျိုး။တချိုလူတွေရှိတယ်ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကိုတစ်ပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး။တချိုလူတွေရှိတယ်အစွမ်းအစမရှိဘဲ အပြစ်ပြောဖိုသက်သက်လူဖြစ်လာတာမျိုး။ဒါကြောင့် […]