ဂါဇာကမ်းမြောင်ဒေသ၊ ဂါဇာမြို့အတွင်း တာလ်အယ်လ်-ဟာဝါ နယ်မြေတွင် ဗုံးဒဏ်ကြောင့် ထိခိုက် ပျက်စီးနေသော ခြောက်ထပ် အဆောက်အအုံတစ်ခု စက်တင်ဘာလ ၁၆ ရက် နံနက်အစောပိုင်းက ပြိုကျမှုကြောင့် ဂါဇာကမ်းမြောင်ဒေသတွင် ကလေးငယ် ခြောက်ဦးအပါအဝင် အနည်းဆုံး လူ ၂၁ ဦး သေဆုံးခဲ့ပြီး၊ အခြားလူ ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိကာ လူအများအပြားမှာလည်း အပျက်အစီးများအောက်တွင် ပိတ်မိနေကြောင်းသိရသည်။