ဗိုလ်မှူးကြီး နှစ်ဦးအပါအဝင် လေးဦးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ယနေ့ကျရောက်သည့် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့တွင် သူရဘွဲ့ ဂုဏ်ပြု ချီးမြှင့်လိုက်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်ခဲ့သည့် ဗိုလ်မှူးကြီးဝဏ္ဏလှိုင်၊ ဗိုလ်မှူးကြီး သက်ထွန်းအောင်၊ ဗိုလ်မှူး မျိုးကိုကိုထွန်းနှင့် ဗိုလ်မှူးအောင်ဆန်းဦးတို့ကို သူရဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် တပ်မတော်ဆိုင်ရာစွမ်းရည်သတ္တိ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်ကိုလည်း ဗိုလ်မှူးချုပ်မျိုးရွှေနှင့် ဗိုလ်မှူးချုပ်တင့်နိုင်ထွန်းအပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနမှ…