မင်္ဂလာရှိသော မနက်ခင်းလေးပါရှင်

ကိုယ့်ကို စိတ်မချမ်းသာစေတဲ့
၀န်ထုတ်တွေကို လွှတ်ချလိုက်ပါ ။

အေးမြမှုရှိတဲ့အရိပ်မှာ
အပူသောကကင်းအောင် ခိုလှုပါ ။

စာနာသနားတတ်မှုရှိအောင်
ကိုယ့်ဘ၀ကို အမြဲသင်ယူထားပါ ။

အတိတ်အပိုတွေကိုလည်း
စိတ်အလိုလိုက်ပြီးတော့ မခံစားနဲ့ ။

မရောက်လာသေးတဲ့အနာဂတ်ကို
တွေးပူပြီးတော့လည်း အချိန်မကုန်နဲ့ ။

ပြီးသွားပြီဖြစ်တဲ့
ကျေနပ်ချက်မကျေနပ်ချက် တွေဟာ
လက်တွေ့မှာ အသုံးမ၀င်တော့လို့

ကိုယ့်စိတ်ကို ပစ္စုပ္ပန်တည့်တည့်မှာပဲ
ချမ်းသာအောင်ထားပေးပါ ။

ကိုယ့်ကိုယ်ကို နားလည်မှုပေးလို့
ဘ၀ကိုအကောင်းဆုံးတည်ဆောက်ပြီး
ရင့်ကျက်အောင် နေဖို့လိုပါတယ် ။

🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏