ရာသီပြောင်းချိန်ဖြစ်တဲ့အတွက် မိုးများမကြာခဏရွာခြင်းကြောင့် လူများနေမကောင်းဖြစ်စေရုံမကပဲ ဘေးပါတ်ဝန်းကျင်အတွက်လည်းဘေးအန္တရာယ်ဖြစ်စေပါသည်။ဒီဘေးအန္တရာယ်များကိုသေးငယ်သောဘေးဥပဒ်ဖြစ်သည်ဟုမမှတ်ယူကြပဲ ကြိုတင်သတိပြုနိုင်မှသာလျှင် လျော့ချနိုင်ပါသည်။ ၁။ကူးစက်ရောဂါ ပထမဆုံးသတိထားမည့် ဘေးအန္တရာယ်မှာ ကူးစက်ရောဂါပင်ဖြစ်ပါသည်။ရာသီပြောင်းပြီး မိုးရွာသွန်းသောကြောင့်အအေးဓာတ်နှင့်စိုထိုင်းမှုများပြီးရောဂါပိုးများ အလွယ်တကူပေါက်ပွားများနိုင်ပါသည်။ ကိုယ်ခံအားနည်းချိန်တွင်ကူးစက်ပိုးများအလွယ်တကူကူးစက်နိုင်ပြီး ကျွန်ုပ်တို့ကိုအလွယ်တကူဒုက္ခပေးနိုင်သောအခွင့်အရေးပင်ဖြစ်ပါသည်။မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများမှာရာသီတုတ်ကွေးရောဂါ၊အသက်ရှူလမ်းကြောင်းရောင်ခြင်း၊အဆုတ်ရောင်ရောဂါတို့ဖြစ်ပါသည်။နွေးထွေးစွာနေထိုင်ခြင်း၊လေဝင်လေထွက်ကောင်းသော နေရာတွင်နေထိုင်ခြင်းနှင့် […]