မိုးရွာချိန်တွင်သတိထားရမည့် အန္တရာယ် (၅) မျိုး

ရာသီပြောင်းချိန်ဖြစ်တဲ့အတွက် မိုးများမကြာခဏရွာခြင်းကြောင့် လူများနေမကောင်းဖြစ်စေရုံမကပဲ ဘေးပါတ်ဝန်းကျင်အတွက်လည်းဘေးအန္တရာယ်ဖြစ်စေပါသည်။ဒီဘေးအန္တရာယ်များကိုသေးငယ်သောဘေးဥပဒ်ဖြစ်သည်ဟုမမှတ်ယူကြပဲ ကြိုတင်သတိပြုနိုင်မှသာလျှင် လျော့ချနိုင်ပါသည်။

၁။ကူးစက်ရောဂါ
ပထမဆုံးသတိထားမည့် ဘေးအန္တရာယ်မှာ ကူးစက်ရောဂါပင်ဖြစ်ပါသည်။ရာသီပြောင်းပြီး မိုးရွာသွန်းသောကြောင့်အအေးဓာတ်နှင့်စိုထိုင်းမှုများပြီးရောဂါပိုးများ အလွယ်တကူပေါက်ပွားများနိုင်ပါသည်။ ကိုယ်ခံအားနည်းချိန်တွင်ကူးစက်ပိုးများအလွယ်တကူကူးစက်နိုင်ပြီး ကျွန်ုပ်တို့ကိုအလွယ်တကူဒုက္ခပေးနိုင်သောအခွင့်အရေးပင်ဖြစ်ပါသည်။မိုးရာသီတွင်ဖြစ်ပွားတတ်သောရောဂါများမှာရာသီတုတ်ကွေးရောဂါ၊အသက်ရှူလမ်းကြောင်းရောင်ခြင်း၊အဆုတ်ရောင်ရောဂါတို့ဖြစ်ပါသည်။နွေးထွေးစွာနေထိုင်ခြင်း၊လေဝင်လေထွက်ကောင်းသော နေရာတွင်နေထိုင်ခြင်းနှင့် ရောဂါပိုးရှိသောလူများနှင့် ဝေးဝေးနေထိုင်ခြင်းဖြင့်ခုခံကာကွယ်ရန်မခက်ခဲပါ။ရောဂါပိုးသည်ချောင်းဆိုးနှာချေခြင်းတို့မှတဆင့် လွယ်ကူစွာ ကူးစက်နိုင်ပါသည်။ ကူးစက်နိုင်သောအခြားရောဂါတစ်ခုမှာ အစာမှတစ်ဆင့်ကူးစက်သော အစာလမ်းကြောင်း ရောဂါကူးစက်မှုပင်ဖြစ်ပါသည်။ ဖြစ်ရခြင်းအကြောင်းရင်းမှာ ကူးစက်ပိုးများကပ်ပါလာသော အစာများကိုစားသုံးမိခြင်းပင်ဖြစ်သည်။ လက္ခဏာများမှာ ပင်ပန်းစွာဝမ်းသွားခြင်း၊ အစာအစိပ်သင့်ခြင်း၊ဝမ်းဗိုက်ရစ်ခြင်း၊ဝမ်းလျှောခြင်း၊ ဝမ်းအရည်များသွားခြင်းနှင့်အဖျားတက်ခြင်းများဖြစ်ပါသည်။ ဒါကြောင့် မိုးရာသီရောက်သည်နှင့် ပူနွေးလတ်ဆတ်သောအစာများကို ရွေးချယ်စားသုံးရန်လိုပါသည်။

၂။မတော်တဆဖြစ်ပွားမှုအန္တရာယ်များ
မိုးရာသီသည် မတော်တဆမှုအလွယ်တကူဖြစ်နိုင်သောရာသီပင်ဖြစ်ပါသည်။မိုးများရွာသွန်းပြီး လမ်းများ စိုစွတ်သောကြောင့် ယာဉ်မောင်းသူများသတိဝိရိယမရှိပါက ယာဉ်များမတော်တဆဖြစ်နိုင်ပြီး ကြးီမားသောဆုံးရှုံးမှုများဖြစ်စေပါသည်။ မတော်တဆမှုဖြစ်လျှင် မိမိကိုယ်တိုင်ဆုံးရှံးမှုများရှိရုံသာမက ဘေးပါတ်ဝန်းကျင်လဲကြီးမားသောအန္တရာယ်ဖြစ်စေနိုင်ပါသည်။အထူးသတိထားရမည့်အချက်မှာ မိုးရာသီတွင် ယာဉ်များမောင်းနှင်ခြင်းပြုလျှင် နှစ်ဆအထူးဂရုစိုက်သင့်ပါသည်။မမောင်းခင် ယာဉ်ကိုလည်း သေချာစွာစစ်ဆေးသင့်ပါသည်။ဥပမာ- ကားပလိတ်၊ဘီး၊ကားအောက်ပိုင်းနှင့် မီးစနစ် များဖြစ်ပါသည်။လူတိုင်းယာဉ်စဉ်းကမ်း၊လမ်းစဉ်းကမ်းနှင့် အထူးဂရုစိုက်သင့်သောအရာများကို လိုက်နာလျှင် မိမိကိုယ်တိုင်သာမက ဘေးပါတ်ဝန်းကျင်အတွက်လည်း ဘေးအန္တရာယ်လျော့နည်းမည်ဖြစ်ပါသည်။

၃။လျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်
မိုးရာသီတွင်ဖြစ်ပွါးနိုင်သောအန္တရာယ်နောက်တစ်မျိုးမှာ ဓာတ်လိုက်ခြင်းအန္တရာယ်ပင်ဖြစ်ပါသည်။ ဓာတ်လိုက်ခြင်းအန္တရာယ်ဖြစ်ရခြင်းအကြောင်းရင်းမှာ လျှပ်စစ်ပစ္စည်းများ လျှပ်စစ်ယိုစိမ့်မှုဖြစ်ခြင်း၊ မိုးစိုရေစိုနေသောအချိန်တွင် မီးခလုတ်ဖွင့်ခြင်းနှင့် မိုးရွာချိန်တွင် လျှပ်စစ်ပစ္စည်းများသုံးစွဲခြင်းကြောင့် မိုးကြိုးပစ်လျှပ်စီးခြင်းတို့ဖြစ်စေနိုင်ပါတယ်။ လျှပ်စစ်ပစ္စည်းများစစ်ဆေးခြင်းနှင့်လျှပ်စစ်ယိုစိမ့်မှုမရှိစေရန် လျှပ်စစ်ကြိုးများအသစ်လှဲပေးခြင်းဖြင့်အန္တရာယ်ကိုကြိုတင်ကာကွယ်််နိုင်ပါသည်။ပျက်စီးမှုတစ်စုံတစ်ခုတွေ့ပါက အမြန်ဆုံးပြုပြင်သင့်ပါသည်။ အိမ်တိုင်းတွင် power breaker တပ်ဆင်ထားသင့်ပါသည်။ လျှပ်စစ်ဓာတ်လိုက်ခြင်းအန္တရာယ်များကာကွယ်ရန်အတွက် ရေနွေးအိုးများ၊ အဝတ်လျှော်စက်များနှင့်လျှပ်စစ်ပစ္စည်းများစသည်တို့သည် power breakerနှင့်တွဲပြီးအသုံးပြုသင့်ပါသည်။

၄။အဆိပ်ရှိသောအန္တရာယ်ရှိတိရိစ္ဆာန်များ
အဆိပ်ရှိသောတိရိစ္ဆာန်များသည် ထူထပ်သောမြက်ပင်များနှင့် စိုထိုင်းမှုရှိသောအိမ်တွင်းနေရာများတွင် ပုန်းအောင်းနေတတ်ပါသည်။အဆိပ်ရှိသောကင်းခြေ၊ကင်းမြီးကောက်နှင့်မြွေများသည် မိုးရာသီနှင့်အတူရောက်ရှိလာတတ်ပါသည်။ကာကွယ်နည်းမှာ မြက်သို့မဟုတ်ထူထပ်သောခြုံပုတ်များကို ဖြတ်လျောက်မှုပြုလျှင် တုတ်ချောင်းစောင်ခြင်း၊တူးထိဖုံးသော ဘွတ်ဖိနပ်အရှည်များ ဝတ်ဆင်ခြင်းများပြုလုပ်သင့်ပါသည်။အိမ်တွင်း အိမ်ပြင်တွင်အန္တရာယ်ရှိသောတိရိစ္ဆာန်များ ပုန်းအောင်းမနေနိုင်ရန်အတွက်မလိုအပ်သော ပစ္စည်းများကိုရှင်းလင်းခြင်း သန့်ရှင်းရေးပြုလုပ်ခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ပါသည်။

၅။မိုးကြိုးပစ်ခြင်းအန္တရာယ်
မိုးရာသီသည် မကြာခဏမိုးရွာသွန်းပြီး လျှပ်စီးမုန်တိုင်းတိုက်ခြင်းများဖြစ်ပေါ်လေ့ရှိသည်။ လျှပ်စီးမုန်တိုင်းတိုက်ခြင်းကြောင့်မကြာခဏမိုးကြိုးပစ်ခြင်းများဖြစ်ပေါ်စေပြီး လယ်ကွင်းပြင်တွင်နေထိုင်သောသူများအတွက် အန္တရာယ်ဖြစ်စေနိုင်ပါသည်။မိုးကြိုးလျှပ်စီးပစ်ချိန်တွင် လေဟာပြင်သို့မဟုတ်လယ်ကွင်းပြင်များတွင်နေထိုင်ပါက အမြန်ဆုံးခိုလှုံနိုင်သော နေရာကိုရှာဖွေသင့်ပါသည်။ဥပမာ-အမိုးအကာထူသော အဆောက်အအုံများတွင် ခိုလှုံခြင်း၊သစ်ပင်အောက်ကိုမိုးခိုရန်မသင့်ပါ။ အကယ်လို့ အမိုးအကာမရှိသောလေဟာပြင်တွင်ရှိနေပါက တတ်နိုင်သလောက် ခန္ဓာကိုယ်ကိုပြားဝပ်စွာနေခြင်းနှင့် လျှပ်စီးမှုဖြစ်စေသာ ရွှေ၊ငွေ လက်ဝက်လက်စားများကို အမြန်ဆုံးချွတ်ပစ်ရန်လိုအပ်ပါသည်။ လက်ကိုင်ဖုန်းများကိုလဲ သုံးစွဲခြင်းမပြုသင့်ပါ။သည်အချက်များကို သတိပြုလုပ်ဆောင်ခြင်းဖြင့် မိုးကြိုးပစ်အန္တရာယ်ကို လျှော့ချနိုင်မည် ဖြစ်ကြောင်း အကြံပြုအပ်ပါတယ်ရှင်။

crd; google news