အခန်းတစ်ခန်းကို အဲကွန်းဘယ်လောက်စက်ကို တပ်ရမလဲသိပ်မရှင်းဘူးဆိုလို့ ရေးပြီးတင်ပေးလိုက်ပါတယ်။ အင်ဂျင်နီယာနည်းပညာအရ တွက်နည်းက အသေးစိတ်တွက်ရပေမ့ယ် သာမန်လူတိုင်းနားလည်ဖို့ တွက်နည်းအကြမ်းတင်ပေးလိုက်ပါတယ်။ နေ့တစ်နေ့ရဲ့ပျမ်းမျှအပူချိန် 70’F နဲ့ 90’F ကြားရှိတဲ့ နှစ်ထပ် သုံးထပ် လေးထပ်တိုက်တစ်ခုလုံးမှာရှိတဲ့ သာမန် နေအိမ် ၊ရုံးခန်းတွေအတွက်ဆိုရင် ဒီအတိုင်းစိတ်ချလက်ချတွက်လို့ရပါတယ်။ ပထမဆုံးအခန်းရဲ့ထုထည်ကို ကုဗပေနဲ့ ရှာပါ။ ဥပမာ - အလျား=15ft အနံ=10ft အမြင့်=10 ft…