၀မ်းမြောက်တတ်တဲ့အကျင့်ကို
အမြဲလေ့ကျင့်ပေးထားပါ ။
ဒုက္ခရောက်နေတဲ့သူကို
သနားစိတ်ဖြစ်တာလွယ်သလောက်
အောင်မြင်ကြီးပွားတဲ့သူရဲ့အပေါ်ကို
မုဒိတာပွားဖို့ ခက်ပါတယ် ။
ကံမတူလို့ ဘ၀မတူတာဟာ
ဘာမှ ပြိုင်မနာလိုစရာမရှိပါဘူး ။
သူရလို ကိုယ်မပျော်တဲ့စိတ်ဟာ
အင်မတန် အောက်တန်းကျပါတယ် ။
သူများကို မတရားကြံစည်မှုဟာ
ကိုယ့်ဘ၀ကို ပြန်လောင်တတ်ပါတယ် ။
ကိုယ်မရလိုက်လို့ ကိုယ့်မှာမရှိလို့
ဘာမှ ဖြစ်မသွားနိုင်ပါဘူး ။
မနေတတ်မထိုင်တတ်ဖြစ်နေတာက
ကိုယ့်စိတ်ဟာ တရားမဲ့နေခြင်းပါပဲ ။
ကိုယ့်စိတ်ကပဲ ကိုယ့်ဘ၀ကို
ကယ်တင် မြင့်တင်ပေးနိုင်သလို
ကိုယ့်စိတ်ကပဲ ကိုယ့်ဘ၀ကို
တန်ဖိုးတွေနိမ့်ကျသွားစေနိုင်ပါတယ် ။
ဒါကြောင့် ကြွားခံရလို့ပဲဖြစ်စေ
သူ့အရည်ချင်းကြောင့်
အောင်မြင်တိုးတက်တာပဲဖြစ်ပါစေ ။
ကိုယ်ကမုဒိတာတံဆိပ်ခပ်နိုင်အောင်
ကြိုးစားပြီး နေထိုင်မယ်ဆိုရင်
ကိုယ့်ဘ၀လည်းတူသောအကျိုးကို
မကြာခင်မှာ ရလာနိုင်ပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏