ရန်ကုန်တိုင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊
(၁၉)ရပ်ကွက်၊ ဦးရာဇတ်လမ်းတွင် နေထိုင်ပြီး
တရားမဝင်အကြမ်းဖက်အဖွဲအစည်းများဖြစ် သည့်
CRPH၊ NUG၊ PDF အဖွဲ့များအတွက် အလှူငွေ
ကောက်ခံခြင်း၊ လွှဲပြောင်းပေးခြင်းများ ဆောင်ရွက်
ပေးခဲ့သူ တရားခံ
- မျိုးသန္တာထွန်း အား ထောင်ဒဏ်တစ်သက်
ချမှတ်ခဲ့ကြောင်း။
လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်တွင်နေထိုင်၍
လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် အများပြည်သူများ
ထိတ်လန့်ကြောက်ရွံစေရန် ရည်ရွယ်ရေးသားခဲ့သူ တရားခံ - ဇော်လွင်ဖြိုးနှင့်
- ဇင်ထက်အောင်
တို့ ၂ ဦးအား ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ကြောင်း။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင်နေထိုင်၍
ကရင်ပြည်နယ် တောတွင်းတစ်နေရာတွင်
အကြမ်းဖက်စစ်သင်တန်းတက်ရောက်ခဲ့သူ တရားခံ - နေသူရ(ခ)ကျော်ကို
အား ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့ကြောင်း။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်နေထိုင်၍
တရားမဝင်အကြမ်းဖက်အဖွဲ့အစည်းများနှင့်
ဆက်သွယ်ကာ အကြမ်းဖက်သမားများအတွက်
ဆေးဝါးနှင့်ပတ်တီးလိပ်များအား မော်တော်ယာဉ်ဖြင့်
ပို့ဆောင်ပေးခဲ့သူ တရားခံ
- ကျော်မောင်(ခ)နွေဦးမောင်အား
ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊
(၁၇)ရပ်ကွက်၊ ဗန္ဓုလ အိမ်ရာရှိ နေအိမ်တွင်
အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ရန် ရည်ရွယ်၍
ပစ္စတို ၁ လက်၊ ကျည်ကတ် ၂ ခု၊ ကျည် ၁၉ တောင့်
တို့အား သိမ်းဆည်းထားခဲ့သူ တရားခံ - ထက်လွင်ဦး(ခ)အတာအား
ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခဲ့ကြောင်း။
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင်နေ ထိုင်၍
ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဓာတ်ဆီပုလင်းဖြင့်
ပစ်ပေါက်ခြင်း၊ အမှတ်(၅၆) ရပ်ကွက်ရှိ စာသင်ကျောင်းအား
လက်လုပ်ချိန်ကိုက်မိုင်းဖြင့် ဖောက်ခွဲ ဖျက်ဆီးခြင်းများအပါဝင်
အကြမ်းဖက်ဖောက်ခွဲမှုများအား အကြိမ်ကြိမ် ကျူးလွန်ခဲ့သည့်
တရားခံများဖြစ်သော
- သန်းဇော်၊
- မိုးဝေ၊
- လွင်မိုး၊
- မခိုင်၊
- ကောင်းမြတ်တို့
တရားခံ ၅ ဦးအား ထောင်ဒဏ်တစ်သက် ချမှတ်ခဲ့ကြောင်း။
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်တွင်နေထိုင်၍
အကြမ်းဖက် ဖောက်ခွဲရေးလုပ်ငန်းများ ဆောင်ရွက်ရန်
လက်လုပ်ဗုံး ၄ လုံးနှင့် ဆက်စပ်ပစ္စည်းများ သယ်ယူပို့
ဆောင်ပေးခဲ့သူ တရားခံ - ကြည်စိုးလင်း (ခ)ဆံရှည်အား
ထောင်ဒဏ် တစ်သက်ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်…