ရန်ကုန်မြို့၊ ရွှေတိဂုံစေတီတော်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ၁၂ လ ရာသီပွဲတော်များအနက်မှ သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာအခါတော်နေ့)အား ၉-၁၀-၂၀၂၂ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး၊ အဖိတ်နေ့ ဖြစ်သော ၈ ရက်နေ့ တွင် ရောင်စုံမီးပုံးများ၊ လျှပ်စစ်မီးများထွန်းညှိပူဇော်ထားသော မီးစေတီများဖြင့် လက်ယာရစ်တစ်ပတ် လှည့်လည်၍ အောင်မြေ၌ စုပေါင်းဆီမီးပူဇော်မည့်အစီအစဉ်အပါအဝင် ဩဝါဒဆရာတော်ကြီးများထံမှ သီလခံယူပွဲ အခမ်းအနားနှင့် ဝါတွင်းတစ်လျှောက်ပြုခဲ့သည့် ဗုဒ္ဓပူဇာ၊ ဓမ္မပူဇာ၊သံဃာ့ပူဇာဟု ဆိုအပ်သောကုသိုလ်ကောင်းမှုအစုစုအတွက် ရေစက်ချ အခမ်းအနားကို စေတီတော်ရင်ပြင်တောင်ဘက် ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်းတွင်ကျင်းပမည်ဖြစ်ကြောင်းသိရှိရပါတယ်ရှင်….
Related Posts
အကြမ်းဖက်ရန်ကာကွယ်ဖို့ ပြည်သူတွေ ပြည်သူ့စစ်ထဲဝင်လာကြပြီ
- admin
- February 15, 2024
အကြမ်းဖက်များ၏ လုပ်ရပ်များကို လက်မခံတော့သည့်ပြည်သူများအနေဖြင့် တပ်မတော်ပူးပေါင်းပြီး လုံခြုံရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။ ယခုလည်း အကြမ်းဖက်တွေကို တိုက်ထုတ်ဖို့ လေ့ကျင့်ရေးကွင်းနေတဲ့ ပြည်သူ့သားကောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များရဲ့ လှုပ်ရှားမှုများပဲ ဖြစ်ပါတယ်။
အကြမ်းဖက်တွေကိုချေမှုန်းဖို့ အားမာန်အပြည်နဲ့ ကန့်ဘလူပြည်သူ့စစ်များ
- admin
- December 6, 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ဦးဝါသဝ(၅၅၀)ဆရာတော် ဦးဆောင်သော ကန့်ဘလူပြည်သူ့စစ်များအနေဖြင့် အားမာန်အပြည့်ဖြင့် အကြမ်းဖက်များကို ချေမှုန်းဖို့လေ့ကျင့်ပြင်ဆင်နေကြပါတယ်။ သင်တန်းဆင်းပြီးသွားတဲ့ ပြည်သူ့စစ်များအနေဖြင့်လည်း မြေပြင်တိုက်ပွဲများတွင် ဝင်ရောက်တိုက်ပွဲဆင်နွှဲလျက်ရှိပြီး အောင်မြင်မှုများလည်း ရရှိနေပါတယ်။ ကန့်ဘလူပြည်သူ့စစ်အဖွဲ့များသို့ […]
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီးအား ဂုဏ်ထူးဆောင်ဘွဲ့(သီရိပျံဘွဲ့) ပေးအပ်ချီးမြှင့်
- admin
- April 3, 2023
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် (၇၅)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုချီးမြှင့်သည့် စွမ်းဆောင်မှုဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့(သီရိပျံဘွဲ့)ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး အလက်ဇန္ဒာဖိုမင် […]