အင်ဒိုနီးရှားနိုင်ငံ အရှေ့ဂျာဗားပြည်နယ်ရှိ
ဘောလုံးပွဲတစ်ပွဲတွင် ရုန်းရင်းဆန်ခတ်မှုဖြစ်
ပွားခဲ့ပြီး လူအုပ်လိုက်ပြုံတိုးသဖြင့် အနည်းဆုံး
လူ ၁၂၀ ကျော် သေဆုံးခဲ့ရပြီးနောက် ဘောလုံး
ပြိုင်ပွဲများရဲ့ အန္တရာယ်ကင်းရှင်းရေးကို အာဏာ
ပိုင်တွေက ပြန်လည်ချင့်တွက်သွားမယ်လို့
အင်ဒိုနီးရှား အားကစားဝန်ကြီး ဇိန်နူဒင်အာမာလီက
ပြောကြားလိုက်ပါတယ်။
.
တနင်္ဂနွေ မနက်ရရှိတဲ့နောက်ဆုံးသတင်းတွေအရ
သေဆုံးသူအရေအတွက်ဟာ ၁၂၉ အထိရှိသွားပြီလို့
ရဲတပ်ဖွဲပြောရေးဆိုခွင့်ရသူက ပြောပါတယ်။
.