- Miss Grand Myanmar 2020 အလှမယ် ဟန်လေး (ခေါ်) သော်နန္ဒာအောင်သည် ထိုင်းနိုင်ငံသို့ဘန်ကောက်လေဆိပ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး၊ နိုင်ငံကူးလက်မှတ် အသိမ်းခံထားရ။
- အလှမယ်ဟန်လေးသည် ဗီယက်နမ်နိုင်ငံမှ ထိုင်းနိုင်ငံသို့ပြန်အဝင်တွင် သူမသည် အင်တာပို၏စာရင်းတွင် ပါဝင်နေသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့မှ ဘန်ကောက်လေဆိပ်တွင် စောင့်ဆိုင်း၍ ဖမ်းဆီးခဲ့။
- သူမသည် စက်တင်ဘာလ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့က ဗီယက်နမ်နိုင်ငံသို့ ဗီဇာကိစ္စဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းလေဆိပ်သို့ပြန်အဝင်တွင် ထိုင်းရဲများမှ ဖမ်းဆီခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် ဘန်ကောက်လေဆိပ် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရ။
- ထို့နောက် သူမသည် မြန်မာနိုင်ငံသို့ ပြန်လာခြင်းမရှိတော့ဘဲ ထိုင်းနိုင်ငံတွင် အခြေချနေထိုင်ကာ အနုပညာလုပ်ငန်းများကို ဆက်လက်လုပ်ကိုင်ကာ ထိုင်းနိုင်ငံတွင် ခိုလှုံခွင့်တောင်းခံ၍ နေထိုင်ခဲ့။

Miss Grand Myanmar 2020 အလှမယ် ဟန်လေး (ခေါ်) သော်နန္ဒာအောင်သည် ၂၀၂၀ ရွေးကောက်ပွဲနောက်ပိုင်း တိုင်းပြည်တွင်းဆူပူအုံကြွမှုများဖြစ်စေရန်လှုံ့ဆော်သည့်လုပ်ငန်းစဥ်များတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး၊ Miss Grand Internationl 2020 ပြိုင်ပွဲတွင် မြန်မာကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ နိုင်ငံတကာစင်မြင့်ထက်မှတဆင့် ပြည်တွင်းတည်ငြိမ်မှုမရှိအောင်လှုံ့ဆော်နေသူဖြစ်သည်။
လက်ရှိတွင် အလှမယ်ဟန်လေး၏ပတ်စပို့သည် ပျောက်ဆုံးစာရင်းမှာ ပါဝင်နေကြောင်းသိရကာ မြန်မာနိုင်ငံမှ ပြစ်မှုကျူးလွန်ထားသူစာရင်းထဲတွင် ထည့်သွင်းခြင်းခံထားရသဖြင့် ဖမ်းဆီးထိန်းသိမ်းပေးရန် မြန်မာအစိုးရဘက်မှ ဗီယက်နမ်အစိုးရထံသို့ အကြောင်း ကြားခဲ့ပုံရကြောင်း ဟန်လေးကိုယ်တိုင်က ဖွင့်ဟပြောခဲ့ ။

လက်ရှိတွင် ဟန်လေးသည် ထိုင်းနိုင်ငံသို့လည်း ဝင်ရောက်၍ မရသကဲ့သို့ ဗီယက်နမ်နိုင်ငံသို့ ပြန်ဝင်ပါကလည်း မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံရမည်ကို စိုးရိမ်သဖြင့် UNHCR ၏ အကူအညီကိုစောင့်ဆိုင်းနေရ။