ပြည်သူအများ၊ အိပ်စက်နားချိန်
စစ်သားဇာနည်၊ မောင်စစ်သည်မှာ
ရွာပါမစဲ၊ မိုးသည်းထဲ
ဖွဲဖွဲကြွေကျ၊ နှင်းမှုန်ခလည်း
ချမ်းမြေ့အေးခဲ၊ တောတောင်ထဲဝယ်
ရဲဝင့်စွန့်စား၊ ရန်သူကြားမှာ
ဖြစ်ပွားရန်စွယ်၊ အသွယ်သွယ်ကို
ကာကွယ်ရှင်းလင်း၊ ပြည့်ရန်ကင်းအောင်
နေ့ခင်းညလယ်၊ ကျောပိုးသယ်ရင်း
လွယ်ကာသေနတ်၊ ရင်မှာကပ်လျက်
မြတ်သောတာဝန်၊ စိတ်ကောင်းမွန်ဖြင့်
ကျေပွန်ထမ်းရွက်၊ ပြည်သူ့အတွက်။ ။
သောင်းဌေး (တောင်တွင်း)
ပြည်သူ့အတွက်
