ဒိုက်ပုံအောက်က၊အိုအဖသည်သားလှလူလေး၊မြှောက်၍ပေးပြီးသေဘေးလွတ်အောင်၊သူစွမ်းဆောင်၏။ ရေစီးတကြော၊ ကိုယ်ဖော့မျှောပြီးလွတ်သောအခါ၊ သားမပါသော်ဘယ်မှာမိဘ၊ မပီသဘူးသူ့စိတ်ကူးက၊ သားဦးတယောက်လူလားမြောက်ပြီး၊ ကျောထောက်နောက်ခံတယောက်ကျန်သော် သူသေပျော်တည့်။ နံနက်မိုးသောက်၊ ဒိုက်ပုံအောက်မှာလက်မြောက်လိုပင် ၊သက်မရှင်သည့်ဖခင်ခန္ဓာ တွေ့ရပါ၏။ ဒိုက်ပုံအကြွ၊ လက်အမမှာသားလှလူလေး ၊သက်ရှိသေးမို့နွေးထွေးမကူ၊ […]