အမှတ်(၄)ခြေလျင်တပ်ရင်းသည် ကိုလိုနီခေတ်တွင် ဖွဲ့စည်းခဲ့သော ဗြိတိသျှတို့၏ ဂေါ်ရခါးတပ်ရင်းတစ်ရင်းကို အမည်ပြောင်းလဲထားခြင်းဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက် ဗမာ့သေနတ်ကိုင်တပ်ရင်းများနှင့်အတူ သောင်းကျန်းသူများကို တိုက်ခိုက်နှိမ်နင်းခဲ့သော နာမည်ကြီးတပ်ရင်းတစ်ရင်းပဲဖြစ်ပါတယ်။ တပ်ရင်း၏ တံဆိပ်တွင် ဂေါ်ရခါးဓားကောက်နှစ်လက်ပါဝင်သည်။