ရန်ကုန်ဘက်မှာ PDF ၁၃ ဦး အလင်းဝင်

အောက်တိုဘာလ ၂ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြစ်မူကျူးလွန်ခြင်းမရှိသည့် PDF သင်တန်းဆင်း ကျား ၁၃ ဦး အလင်းဝင်လာသည့်အတွက် ၎င်းတို့ကို မိဘအုပ်ထိန်းသူများထံသို ပြန်လည် အပ်နှံခဲ့ကြောင်းသိရပါတယ်။

PDF လူငယ်တွေ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာတာ ယနေ့အထိဆိုရင် ၇၆၅ ဦးရှိပြီဖြစ်ကြောင်းလည်းသိရပါတယ်။ နောက်ထပ်လူငယ်လေးတွေလည်း အလင်းပြန်ဝင်ဖို့ဆန္ဒတွေရှိနေတယ်လို့လည်း ကြားသိရပါတယ်။