🌷ပျက်နေတာတွေပြင်ကြစို့🌷
ကိုယ်မှားမှန်းသိနေတာဟာ
အကောင်းဘက်ဆီကိုသွားဖို့
အရိပ်အရောင် သန်းနေတာပါ ။
အမှားကိုပြင်နိုင်တယ်ဆိုရင်တော့
ကောင်းသွားပြီးလို့ ဆိုနိုင်ပါတယ် ။
ညစ်ပေနေတဲ့အ၀တ်တွေတောင်
လျှော်လိုက်ရင် ဖြူစင်သွားပြီး
အသုံးတည့်သွားသေးတယ်ဆိုရင်
ဘ၀ရဲ့အမှားအညစ်ကြေးကိုလည်း
ကုသိုလ်ကောင်းမှုနဲ့ဆေးနိုင်ရင်
တန်ဖိုးရှိတဲ့ ဘ၀တွေဖြစ်လာမှာပါ ။
ယိုယွင်းပျက်စီးမှုကို
မပြင်ရင်တော့ ပျက်နေအုံးပါပဲ ။
ပျက်လျက်သွားနေမယ်ဆိုရင်လည်း
နစ်ပြီးတော့ ဆင်းရဲနေရအုံးမှာပါ ။
မကောင်းတဲ့ ဘ၀တွေမှာ
ကျင်လည်နေရမယ့်ဒုက္ခတွေဟာ
လတ်တစ်လော
ဆင်းရဲအကြပ်တည်းလောက်တော့
ဘယ်လိုမှ မကြီးမားနိုင်တဲ့အတွက်
ပျက်နေတဲ့ မိမိဘ၀ကိုပြင်ပြီး
ဘ၀တန်ဖိုးကို မြှင့်ကြဖို့လိုပါတယ် ။
🙏🙏🙏 သာရ ဂ ဝေ သီ🙏🙏🙏