အကြမ်းဖက်တွေအနေဖြင့် ခေါင်းစဉ်အမျိုးမျိုးတပ်/မြို့သိမ်းစစ်ဆင်ရေးဆောင်ရွက်တယ်ဆိုတဲ့ ခေါင်းစဉ်တွေတပ်ပြီး ပျက်စီးရာပျက်စီးကြောင်း ဆောင်ရွက်ခဲ့မှုများကြောင့် မြို့အများစုမှာ ယခုဆိုရင်ပြည်သူများဟာ ဒုက္ခများဖြင့် ကြုံတွေ့လာနေရတာပဲ ဖြစ်ပါတယ်။
အကြမ်းဖက်တွေရောက်ရှိနေတဲ့ နေရာတော်တော်များများမှာ ပြည်သူလူထုအနေဖြင့် ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေရသလို စားသောက်/နေထိုင်ရေးများတွင် အကူအညီမဲ့/ မျှော်လင့်ချက်မဲ့ ဖြစ်နေကြရတာကို တွေ့မြင့်နိုင်ပါတယ်။
အရင်တုန်းက သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ပါက တပ်မတော်သားတွေက ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ အမြန်ဆုံးရောက်ရှိ ကူညီကယ်ဆယ်ပေးခဲ့တာကို ပြည်သူတွေရဲ့ မျက်လုံးတွေထဲမှာ အသားကျနေကြပြီ။….အကြမ်းဖက်တွေ ရောက်လာတော့ ကူညီကယ်ဆယ်ပေးနိုင်ဖို့ သူတို့ကြောင့် အန္တရာယ်မဖြစ်အောင် နေနေရတဲ့ ဒုက္ခတစ်ခုက တိုးလာခဲ့ပြီ….
အခုတော့ အစိမ်းရောင် စစ်ကားကြီးတွေနဲ့ ဒုက္ခဖြစ်နေတဲ့ နေရာတွေကို အမြန်ဆုံး ရောက်ရောက်လာတတ်တဲ့ အစိမ်းရောင် စစ်သားကြီးတွေကို မျှော်နေမိပြီလား?