ငှက်ပျောပင်နှင့် ဒေသကြက်အစာပြုလုပ်နည်း (အသားဓာတ် ၁၅%)
၁။ ငှက်ပျောပင်(ပါးပါးလှီး) – ၃၀ ကီလိုဂရမ်
၂။ ဖွဲနု – ၃၀ ကီလိုဂရမ်
၃။ ဆန်ကွဲ – ၁ ကီလိုဂရမ်
၄။ ဆား(စားပွဲတင်ဇွန်း) – ၂ ဇွန်း
၅။ သကြားအညို – ၁ ကီလိုဂရမ်
ပြုလုပ်ပုံ
ကုန်ကြမ်းအားလုံးရောစပ်ပြီး (၅) ရက်ခန့် ပုံးထဲတွင် သိပ်ထားပါ။(၅)ရက်ပြည့်လျှင်ကြက်/ ဘဲများကို ကျွေးနိုင်ပါပြီ။
စရိတ်သက်သာသော ဝက်စာပြုလုပ်နည်း
၁။ ပီလောပီနံ – ၁၀ ကီလိုဂရမ်
၂။ ဖွဲနု – ၁၅ ကီလိုဂရမ်
၃။ ထမင်းဖြူ – ၁ ကီလိုဂရမ်
၄။ ငါး (သို့မဟုတ်) ခရုနှပ်ရည် – ၁ လီတာ
ပြုလုပ်ပုံ
ကုန်ကြမ်းအားလုံးကို ရောစပ်ပြီး သမအောင်မွှေပေးပါ။ လက်ဖြင့် အတုံးလေးများဖြစ် အောင် ဆုပ်ပေးပါ။ ထိုအလုံးလေးများကို လေသလပ်ခံပြီး အခြောက်လှမ်းပါ။ ခြောက်ပါက တိရစ္ဆာန်အစာ( ဝက်၊ ဖား၊ ငါးခူ)တို့ကို ကျွေးမွေးနိုင်ပါသည်။
ဥစားဘဲစာပြုလုပ်နည်း
ဘဲဥထွက်နှုန်းတိုးစေသော အစာပြုလုပ်နည်း
၁။ ငှက်ပျောပင်(ပါးပါးလှီး) – ၅၀ ကီလိုဂရမ်
၂။ တင်လဲရည် – ၁/၂ ကီလိုဂရမ်( ကီလိုဝက်)
၃။ ဆား – ၃၀၀ ဂရမ်
ကုန်ကြမ်းပစ္စည်းအားလုံးကို သမအောင်ရောမွှေပြီး (၂)ရက်ခန့် နှပ်ထားပါ။
အသုံးပြုပုံ
၁။ နှပ်ထားသောအစာ – ၁ ကီလိုဂရမ်
၂။ ဖြည့်စွက်အစာ(အသင့်ကျွေးစပ်စာ) – ၅ ကီလိုဂရမ်
၃။ ဖွဲနု – ၅ ကီလိုဂရမ်
၄။ အသီးအချဉ်ဖောက်ရည်စားပွဲတင်ဇွန်း- ၃ ဇွန်း တို့ကို သမအောင် ရောပြီး ကျွေးနိုင်ပါသည်။ ဘဲငယ်အစာတွင်လည်း အသီးချဉ်ဖောက်ရည်ကို ထည့်၍ ကျွေးနိုင်ပါသည်။ အသီးချဉ်ဖောက်ရည်မရှိပါက EM ကို ထည့်သွင်း အသုံးပြုနိုင်ပါသည်။
တိရစ္ဆာန်အစာ ငှက်ပျောပင်နှင့် နှပ်နည်း
၁။ ငှက်ပျောပင် (ပါးပါးလှီး) – ၁၀၀ ကီလိုဂရမ်
၂။ သကြားအညို – ၄ ကီလိုဂရမ်
၃။ ဆား – ၁ ကီလိုဂရမ်
ပြုလုပ်ပုံ
ကုန်ကြမ်းအားလုံး၏ တစ်မျိုးချင်းစီကို (၁၀ )ပုံ ပုံပြီး ၁ပုံလျှင် ( ၁ )ထပ်နှုန်းဖြင့် ပလပ်စတစ်ပုံးထဲ ထည့်ကာ အပေါ်မှ အဖုံး, ဖုံးထားပေးပါ။ ၎င်းကို (၅ )ရက်ခန့်နှပ်ထားပေးပါ ။ (၅ ) ရက်ပြည့်ပါက ငှက်ပျောပင်နှပ်စာကို အသင့်ကျွေးစပ်စာတို့နှင့် ရောစပ်ပြီး ကျွေးမွေးနိုင်ပါသည်။
အလေးချိန်တွက်ချက်မှု
(၁) ကီလိုဂရမ် – ၆၂ ကျပ်သား
(၁) ပိဿာ – ၁.၆၁ ကီလို
“အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်”