အမ်းကရဟတ်ယာဉ်တိုက်ခိုက်ခံရတယ်ဆိုပြီး သတင်းမှားများဖြင့် ဖြန့်နေသူတွေသိဖို့

အမ်းမှာ ရဟတ်ယာဉ်တိုက်ခိုက်ခံရတယ်ဆိုတဲ့ ဗီဒီယိုက စစ်ကိုင်းတိုင်း ပင်လည်ဘူး ကျောက်တိုင်နားက ဖြစ်စဉ် အဟောင်း ဖြစ်ပါတယ်။

ဗီဒီယိုမှာ တပ်မတော်ရဲ့ Mi-17 ရဟတ်ယာဉ်ရဲ့ port side ဘယ်ဘက်ကို ဒရုန်းဗုံးသီးချပြီး တိုက်ခိုက်ခဲ့တာကို တွေ့ရမှာပါ။

ဒီဗီဒီယို ကို July တုန်းက ပထမဦးဆုံးအကြိမ် တွေ့ခဲ့ရတယ်။ July လမှာဖွခဲ့တဲ့ ဗီဒီယိုကတော့ တခြားဒရုန်း ကနေ မြင်ရတဲ့ မြင်ကွင်းပါ။

အခု ဗီဒီယိုအသစ်ကတော့ မြေပြင်ကနေပဲ ရိုက်ထားတာပါ။

ဒါ့အပြင် နေရာတူပေမယ့် အချိန်နှင့် နေ့ရက် မတူတဲ့ ဗီဒီယိုနောက်တစ်ခုရှိပါသေးတယ်။ အဲ့ဗီဒီယိုမှာတော့ လူလာသယ်တဲ့ Mi-17 ရိုက်ထားတာ .. တိုက်ခိုက်ခံရတာမရှိခဲ့ပါဘူး။

ဒါ့ကြောင့် လောလောဆယ်အထိ ပင်လည်ဘူးက ဗီဒီယို ၃ ခုရှိနေပြီး၊ ၂ ခုက ဖြစ်ရပ်တစ်ခုတည်းကိုပဲ မတူတဲ့နေရာက ရိုက်ကူးထားတာပါ။ နောက်တစ်ခုကတော့ တိုက်ခိုက်မှုမရှိခဲ့တဲ့ သီးခြား ဖြစ်ရပ်တစ်ခုပါ။

Crd.