ထန်းတပင်မြို့၊ အမှတ် (၂)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ ဦးအောင်လွင်ပိုင်ဆိုင်သော ဆန်းသော်တာရွှေဆိုင်အတွင်း ရွှေလက်စွပ် ဝယ်ယူရန်ဟု ပြောဆိုကာ ဆိုင်အတွင်း ဝင်ရောက်လာပြီး အသင့်ပါလာသော ဓားဖြင့် ထောက်၍ ဓားပြမှု ကျူးလွန်သူကို ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့ နံနက် (၇ ၅၀) အချိန်ခန့် အမျိုးသားတစ်ဦးက ရွှေလက်စွပ်ဝယ်ယူရန် ဟု ပြောဆိုသဖြင့် စာရေးဝန်ထမ်း အမျိုးသမီးက ရွှေထည် လက်စွပ်များ ထုတ်ယူပြသစဉ် အမျိုးသားက အသင့်ပါလာသော ဓားဖြင့် ဆိုင်ပိုင်ရှင် ဦးအောင်လွင် ၏ လည်ပင်းအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ ပေးရန် ခြိမ်းခြောက်ပြောဆိုသည်။
ရွှေဆိုင်လုံခြုံရေးတာဝန်ခံ ဦးကံချွန်၊ နယ်မြေလှည့်ကင်းဆောင်ရွက်နေသော ဒုရဲအုပ် ဦးဆောင်သော အဖွဲ့က ဆိုင်အတွင်း ဝင်ရောက်၍ ဓားပြတိုက်သူအား ဖမ်းဆီးခဲ့ရသည်။
ဖြစ်စဉ်အတွင်း ဆိုင်ပိုင်ရှင် ဦးအောင်လွင်တွင် ဓားပြတ်ရှ ဒဏ်ရာများ (မစိုးရိမ်ရ) ရရှိခဲ့ပြီး ဓားပြမှုကျူးလွန်သူမှာ ထန်းတပင်မြို့နယ်၊ ထိန်နှစ်ပင်ကျေးရွာမှ ပြည့်စုံထွန်း ဆိုသူဖြစ်ပြီး ထန်းတပင်မြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
CRD//