ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာမှ ပထမရွှေတံဆိပ်ဆွတ်ခူး

မော်လဒိုက်နိုင်ငံ၊ Addu City Canareey Resortမြို့၌ နိုဝင်ဘာ ၆ ရက်မှ ၁၂ ရက်အထိ ကျင်းပ​နေသည့် (၁၅) ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ကာယဗလနှင့် ကာယကြံ့ခိုင်မှုအားကစားသမား ရဲထွန်း‌​နောင်က ပထမ‌ရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာကစားသမား ရဲထွန်းနောင်သည် ယနေ့ နို၀င်ဘာ ၉ ရက်တွင် ပြုလုပ်သည့် နိုင်ငံပေါင်း ၆ နိုင်ငံမှ အားကစားသမားများ ဝင်ရောက်ယှဥ်ပြိုင်သော ၇၅ ကီလိုတန်းပြိုင်ပွဲတွင် ပထမ(ရွှေတံဆိပ်) ဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ပြီး မနက်ဖြန် နို၀င်ဘာ ၁၀ ရက်တွင် Over Oll Championship ပြိုင်ပွဲသို့ ဆက်လက်၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်‌သည်။

အဆိုပါ (၁၅)ကြိမ်မြောက်ကမ္ဘာ့ကာယဗလနှင့်ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် နိုင်ငံ‌​ပေါင်း ၄၁ နိုင်ငံမှ အားကစားသမား ၃၀၀ ခန့်ပါ၀င်ပြီး ပြိုင်ပွဲအမျိုးအစား ၅၀ တန်းကျင်းပခဲ့ရာ မြန်မာမှ ၇၅ ကီလိုတန်းတစ်တန်းသာ ၀င်‌​ရောက် ယှဥ်ပြိုင်ခဲ့‌​ကြောင်းသိရသည်။

CRD//