မကွေးတိုင်းဒေသကြီး၊ ပဒါန်းမြို့နယ်ရှိ ဆည်တမံကို မေလ ၁၄ ရက်တွင် ပဒါန်းတပ်နယ်မှ တပ်မတော်သားများက ပြည်သူတွေ ဘေးအန္တရာယ်မကျရောက်စေဖို့ အရေးပေါ်တမံမြေဖို့ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရပါတယ်။
Category: ပြည်သူ့အကျိုးပြု
ပုဂံဘုရားများအတွင်းဝင်ရောက်နေသည့်ရေများ ရေစုပ်စက်များဖြင့် စုပ်ထုတ်
ညောင်ဦးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပုဂံဘုရားများအတွင်း ဝင်ရောက်နေသည့် မိုးရေများကို တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲဝင်များ၊ ပရဟိတသမားများ ပူးပေါင်း၍ ရေစုပ်စက်များဖြင့် စုပ်ထုတ်ခြင်းများ ဆောင်ရွက်နေကြောင်းသိရပါတယ်။
ရန်ကုန်၌ မီးသတ်နှင့်ပရဟိတသများက ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်
ရန်ကုန်တိုင်းဒေသကြီး လှိုင်၊ သင်္ဃန်းကျွန်း၊ တောင်ဥက္ကလာပ၊ သာကေတ၊ ဒေါပုံ၊ ဒဂုံမြိုသစ်၊ သံလျင်၊ ကျောက်တန်း၊ တိုက်ကြီး၊ မှော်ဘီ စတဲ့ မြိုနယ်တွေမှာ မေလ ၁၄ […]
မန္တလေးမြို့ လေမုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသောနေရာများအား ပြန်လည်တည်ထောင်ရေးလုပ်ငန်းများဆောင်ရွက်
မန္တလေးမြို လေမုန်တိုင်းဒဏ်ကြောင့်ပျက်စီးသွားသောနေရာများအားတပ်မတော်သားများနှင့်ရဲတပ်ဖွဲ့ဝင်များမှ ပြန်လည်တည်ထောင်ရေလုပ်ငန်းများဆောင်ရွက်ပေးနေကြောင်း သိရပါတယ်။
လူ/ကယ်/ပြန်မှ ထောက်ပံ့ပစ္စည်းများ ရခိုင်ပြည်နယ်သို့ရောက်ရှိ
ရခိုင်ပြည်နယ် မုန်တိုင်းဒဏ်သင့် ပြည်သူများကို လူ/ကယ်/ပြန်မှ ထောက်ပံ့ပေးမည့် ကယ်ဆယ်ရေး ပစ္စည်းများတင်ဆောင်ထားသည့် ၁၂ ဘီး မော်တော်ယာဉ်များ ရခိုင်ပြည်နယ်သို့ ရောက်ရှိလာပြီဖြစ်တယ်လို သိရပါတယ်။သဘာဝဘေးခံစားခဲ့ရသည့် ပြည်သူလူထု အတွက် […]
တပ်မတော်ဆိုတဲ့ အဖွဲ့အစည်းဟာ အမြဲတမ်းကြိုတင်ပြင်ဆင်မှုနဲ့ အရံအစီအစဉ်ပါရှိတယ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဌ၊ ဒုတိယဝန်ကြီးချုပ်မှ မိုခါမုန်တိုင်းမဖြစ်ခင်ကာလမှာလည်း အစည်းအဝေးခေါ်ယူပြီး ကယ်ဆယ်ရေးအတွက်ကြိုတင်ဆောင်ရွက်မှုလည်းပြုလုပ်ခဲ့ပြီး မုန်တိုင်းဝင်ရောက်မည့်ဒေသများသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များစေလွှတ်ခဲ့ပါတယ်။ ယခုမုန်တိုင်းအလွန်ကာလအတွက် လိုအပ်သည့်အကူအညီများနဲ့ မမျှော်မှန်းနိုင်တဲ့ ကိစ္စများအတွက် ပြင်ဆင်ဆောင်ရွက်ရန်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
စစ်တွေမြို့နေ ပြည်သူများ အရေးပေါ်အတွက်ဆက်သွယ်ရန်ဖုန်းနံပါတ်များ
(1) အရေးပေါ်အကူညီလိုနီလိုပါစစ်တွေမြိုသူကြီးရပ်ကွက်စူပါဟတ်ဘေးအိမ်မာ အချေလသားချေနဲ့ပိတ်မိနီလိုပါ အကူညီတခေါက်ချေပီးကတ်ပါ ပရဟိတဖုန်းတိလည်းတလုံးမှဆက်သွယ်လိုမရလိုပါ ကူညီပီးကတ်ပါph 09426294632 / 09661936012 (2) Share ပေးကြပါ -ကျေးဇူးပြုပီး တရားသီးစုရပ်ကွက် ကျော်ဇံရွှလမ်း […]
မိုခါ မုန်တိုင်းလေတိုက်နှုန်း 120mph မှ 75mph သို့ လျော့ကျ
မိုခါ မုန်တိုင်းသည် မေလ 15ရက် နံနက် 0630မှ စတင်၍ လေတိုက်နှုန်း 120mph မှ 75mph သို့ လျော့ကျ သွားကြောင်း သိရှိရပါသည်
မိုခါမုန်တိုင်းကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျေးရွာများ၌ လူနေအိမ်နှင့် သစ်ပင်များ ပြိုလဲပျက်စီး၍ လမ်းများပိတ်ဆို့ခြင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင် တိုမြို့နယ်၊ သခင်ဘသောင်းရပ်ကွက်ရှိ ဒေါနလမ်းပေါ်သို့ သစ်ပင်သစ်ကိုင်း များလဲကျခြင်း၊ ပဲခူးတိုင်းဒေသကြီး သဲကုန်းမြို့နယ်တွင် […]
