၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်များ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ ကောလိပ်များ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက် နယ်မြေခံတပ် မတော်သားများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူ များက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် အပါအဝင် မြို့နယ် ၁၃ မြို့နယ်တို့၌ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်း အဖွဲ့များနှင့်ဒေသခံပြည်သူများကအခြေခံပညာကျောင်းများအတွင်း/အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ် ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်းနှင့် ကျန်းမာရေးအသိပညာပေး လက်ကမ်စာစောင်များဖြန့်ဝေပေးခြင်းများကို စုပေါင်း ဆောင်ရွက်ကြသည်။ ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၊ လှည်းကူးမြို့နယ်၊ ခရမ်းမြို့နယ်၊ သုံးခွမြို့နယ်၊ ပုဇွန်တောင်မြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ထန်းတပင်မြို့နယ်တို့ရှိ ဘုရားစေတီပုထိုးများ၊ ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ ဘာသာရေးကျောင်းများနှင့် လမ်းမကြီးတို့၌ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်( ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည် သူများပူးပေါင်း၍ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေး ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ကြသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက် ကြည့်ရှု အားပေးပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
Category: ပြည်သူ့အကျိုးပြု
ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ရန်ကုန်မြို့အတွင်း အခြေအနေများအားကြည့်ရှု
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ခရီးစဉ်တွင်လိုက်ပါလာသည့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများလိုက်ပါ၍ယနေ့နံနက်ပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ထားရှိမှု၊ရေစီးရေလာကောင်းမွန်ရေးဆောင်ရွက်ထားရှိမှုနှင့် ဈေးများစနစ်တကျဖြစ်စေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ရန်ကုန်မြို့အတွင်း စီးဆင်းလျက်ရှိသည့် သမိုင်းချောင်းအပါအဝင် […]
ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ရန်ကုန်မြို့တွင်ကျင်းပ
ကာတာနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ်ညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၈ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ Lotte Hotel ၌ကျင်းပရာ နိုင်ငံတော်ဝန်ကြီးချုပ်ဦးညိုစောနှင့် ဇနီး၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးစိုးသိန်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးနိုင်မင်းကျော်၊ […]
မင်္ဂလာနံနက်ခင်းပါရှင့်
မင်္ဂလာနံနက်ခင်းပါ ၁။ လုံးစုံများစွာ ၊ သတ္တဝါ ၊ချမ်းသာကိုယ်စိတ် မြဲပါစေ ။ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ငြိမ်းအေးကြပါစေ။ ၂။ ကြောက်တတ် မကြောက်တတ် ၊နှစ်ရပ်များစွာ […]
ဗန်းမော်ရောက် စစ်သည်တော်များအတွက် အနွေးထည်နဲ့ အစားအသောက်တွေရောက်ရှိ
ဗန်းမော်ရောက် စစ်သည်တော်များအတွက် ဆောင်းရာသီကာလ နွေးထွေးစေဖို့ အနွေးထည်နဲ့ အစားအသောက်တွေရောက်ရှိ။ 👍
အခြေခံပညာကျောင်းများ၊ ဘုရားစေတီပုထိုးများနှင့်ဘိုးဘွားရိပ်သာများ၌စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ တက္ကသိုလ်များ၊ကောလိပ်များ၌ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်နယ်မြေခံတပ်မတော်သားများ၊ဌာနဆိုင်ရာဝန်ထမ်းများ၊လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများကစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် […]
မင်္ဂလာနံနက်ခင်းပါရှင့်
၁။ လုံးစုံများစွာ ၊ သတ္တဝါ ၊ချမ်းသာကိုယ်စိတ် မြဲပါစေ ။ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ငြိမ်းအေးကြပါစေ။ ၂။ ကြောက်တတ် မကြောက်တတ် ၊နှစ်ရပ်များစွာ ၊ […]
သီရိလင်္ကာနိုင်ငံ ဒီဝါဆိုင်ကလုန်းမုန်တိုင်းသင့်ပြည်သူများအတွက် ပို့ဆောင်လှူဒါန်းမှု
နိုင်ငံတော်အကြီးအကဲရဲ့ လမ်းညွှန်မှုဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရနှင့် ပြည်သူများက သီရိလင်္ကာနိုင်ငံရှိ ဒီဝါဆိုင်ကလုန်းမုန်တိုင်း ဘေးအန္တရာယ်ခံစားခဲ့ရတဲ့ပြည်သူများသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများဖြစ်တဲ့ ဆေးဝါးနဲ့ ဆေးပစ္စည်း ၂၆ မျိုး(တန်ချိန် ၆ ဒသမ […]
