ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်တွင် ရွှေဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးကို အမည်မသိ လူ ၄ ဦးက ကားတစ်စီးပေါ်သို့ အတင်းအဓမ္မတင်ဆောင်ကာ ဖမ်းဆီးခေါ်ဆောင်သွားသည့်ဖြစ်စဥ်တစ်ခု ယနေ့ မတ်လ ၁၈ ရက်၊ နံနက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ဟု ရပ်ကွက်နေသူများထံမှ သိရသည်။ အဆိုပါ ဖမ်းဆီးခံရသူအမျိုးသမီးမှာ သာကေတမြို့နယ်ရှိ အမှတ် (၁) စျေးတွင် ❛လင်းလက်ရွှေစင်❜ အမည်ဖြင့် ရွှေဆိုင်ဖွင့်လှစ်ထားသည့် ဒေါ် စန္ဒာလင်း(ခေါ်)…