မြသိန်းတန်စေတီတော်မှာဧရာဝတီမြစ်၏အနောက်ဖက်ကမ်းမင်းကွန်းရွာမင်းကွန်းပုထိုးတော်ကြီး၏မြောက်ဖက်အနီးတွင်ကျိန်တော်မူလေသည်။ဘိုးတော်ဘုရားသည်သက္ကရာဇ်၁၁၅၂ခုနှစ်တွင်မင်းကွန်ပုထိုးတော်ကြီးကိုတည်တော်မူရာမြေးတော်စစ်ကိုင်းမင်းကလေနှင့်မြေးတော်ဆင်ဖြူရှင်မယ်တို့သည်ပုထိုးတော်ကြီးအနီးစေတီတစ်ဆူတည်ထားလိုကြောင်းခွင့်တောင်းရရှိသည့်အတိုင်းဘုရားအလောင်းတော်ဆဒ္ဒန်မင်းဖြစ်စဉ်ပျော်စံခဲ့ဘူးသောဆင်ဖြူတောင်၌မြေညှိ့ကာ၁၁၆၄ခုနှစ်တန်ခူးလဆန်း၅ရက်နေ့တွင်စစ်ကိုင်းမြို့ဝန်ကြပ်မက်လျှက်စတင်တည်လုပ်စေလေသည်။(စစ်ကိုင်းမင်းကလေးမှာဘိုးတော်ဘုရား၏သားတော်အိမ်ရှေ့မင်း၏သားတော်ဖြစ်၍ဆင်ဖြူရှင်မယ်မှာဘိုးတော်ဘုရား၏သားတော်ပြည်မင်းသား၏သမီးတော်ဖြစ်လေသည်။စေတီဖနပ်တော်မှာအချင်း၆၄တောင်၂မိုက်၄သစ်ခင်း၍ပန္နက်ချကာပထမအာလိန်မှစ၍တည်လုပ်ပြီးအာလိန်ထိပ်၌အလျားအနံ၁၂တောင်မျှသောဌာပနာတိုက်၁၆တိုက်ကိုပြုလုပ်၍သီဟိုဠ်ကျွန်မှပင့်ဆောင်လာသောဓာတ်တော်၅ဆူကို၁၁၆၄ခုနှစ်ဝါဆိုလဆန်း၂ရက်နေ့တွင်ဌာပနာလေသည်ဆင်ဖြူရျင်မယ်ဝတ်နေကျတစ်သိန်းတန်မြရတနာကိုလည်းလှူတန်းဌာပနာခဲ့လေသည်။ဆင်ဖြူရှင်မယ်တည်သဖြင့်ဆင်ဖြူမယ်ဘုရားဟူ၍၎င်းတစ်သိန်းတန်မြရတနာကိုဌာပနာ၍မြသိန်းတန်ဘုရားဟူ၍၎င်းထင်ရှားလေသည်။စေတီတော်၌အာလိန်ငါးဆင့်တောင်စဉ်ခုနှစ်ထပ်လိုဏ်မုခ်များနှင့်တည်၍မြတ်စွာဘုရားတာဝတိသာမှကြွတော်မူသည်ကိုရည်စူ၍စောင်းတန်းသုံးသွယ်ဖြင့်မွန်းမံတည်ထားလေသည်။စေတီတော်ပြီးမြောက်သောအခါဘိုးတော်ဘုရားကိုယ်တိုင်မင်းခမ်းမင်းနားဖြင့်ထွက်တောမူ၍သဘင်ကြီးစွာခံပြီးနောက်၁၁၆၉ခုနှစ်တခူးလပြည်ကျော်၄ရက်နေ့တွင်ရေစက်သွန်းချ၍ထီးတော်တင်လှူတော်မူခဲ့သည်။ထိုစေတီတော်ကြီးသည်ကာလရှည့်ကြာ၍ငလျှင်ဒဏ်ကြောင့်ပြိုပျက်ရာတွင်မင်းတုန်းမင်းကြီး၏မိဖုရားခေါင်ဆင်ဖြူမရှင်ကပြုပြင်ခဲ့ပြန်လေသည်။
Category: ပညာပေး
ငါးနီတူခြောက် ရခိုင်သုပ်လေး သုပ်စားရအောင်
ငါးနီးတူခြောက်ကို သုပ်စား၍ ရသလို ကြော်စား၊ ချက်စား အမျိုးမျိုးဖြင့် ပြုလုပ် စားသောက်လို့ရပါတယ်။ငါးနီတူခြောက်မှာ အကြီး၊ အလတ်၊ အသေးဟူ၍ ရှိပါတယ်။ သုပ်စားမယ်ဆိုရင်တော့ ငါးနီတူခြောက်အလယ်အလတ်က အကောင်းဆုံးပါ။ […]
ကြက်ပေါက်ကလေးများ မီးပေးကာလတွင် လုပ်ဆောင်ရမည့်အချက်များ
မီးပေးအုပ်ဆောင်းအောက်တွင် စကော သို့မဟုတ် ဆန်ကာဖြင့် ၂ ရက် ၃ရက်ခန့် အစာကိုဖြန့်ကြဲကျွေးပေးပါ။အစာလုံလုံလောက်လောက်ထားပေးရမည်။ရက်သားမှစ၍ သုံးပတ်သားအထိ ချေးဖြူရောဂါမဖြစ်စေရန် အစာ(သို့) ရေအတွင်း ဆေးများ ထည့်ကျွေးရမည်။ယိုင်ကို အစာခွက်၊ […]
ကမ္ဘာ့ပထမဦးဆုံးဝေရောစနကျောက်စိမ်းစေတီတော်မြတ်ကြီး
မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ဆင်ရွာမြင်းမှူးကျေးရွာအုပ်စု၊ရန်ကုန်မန္တလေးအမြန်လမ်းမကြီးအထက် ၉ ပေမြင့်ပြီး၊ ၅ ဧကအကျယ်အ၀န်းရှိသောကုန်းမြေပေါ်တွင် တည်ထားခြင်းဖြစ်ပါသည်။ရင်ပြင်တော်အကျယ်အ၀န်းမှာ အလျား ၁၃၃ ပေ ၆ လက်မနှင့် အနံ ၁၃၃ ပေ ၆လက်မ […]
ပင်းတယနှင့် ပုန်းတလုတ်ရေကန်သမိုင်းကြောင်း (၂)
နတ်သမီးတွေကလည်း ကြောက်လန့်ပြီး ဂူပေါက်ဝကို ဖွင့်ပေးရန် တောင်းပန်ပြီး ကယ်တင်ပေးမည်ဆိုပါကအထွေးဆုံး နတ်သမီး ရှင်မိယာကို မင်းသားလေးအား ပေးဆပ်ပါမည်ဟု ကူညီတောင်းပန်ကြတာနဲ့ မင်းသားလေးလည်း စဉ်းစားလိုက်တယ်။ အရင်ဆုံး ဂူပေါက်ဝဖွင့်နေစဉ် […]
မိမိစိတ်ကို ထိန်းသိမ်းနည်း ။════════════════
လောကမှာ လူတွေဟာအချင်းချင်း ဆက်ဆံနေကြတဲ့အခါမှာ… မဟုတ်မမှန်တာတွေ ပြောတာတွေရိုင်းရိုင်းပြပြ ပြောတာတွေကျိုးကြောင်းစီလျော်မှုမရှိဘဲပြောတာတွေ ကြုံတွေ့နိုင်တယ်။ အဲလိုစကားတွေ ကြားလာခဲ့ရင်မြတ်စွာဘုရားက ကျင့်စဉ်လေးပေးထားတယ်။ “န စေဝ မေ စိတ္တံ ဝိပရိဏတံဘဝိဿတိ” […]
ကုန်ကျစရိတ်မများလှသော အစက်ချရေပေးစနစ်
အပူပိုင်း မိုးနည်းရပ်ဝန်းဒေသများတွင် မိုးခေါင်မှုကြောင့် စိုက်ပျိုးသော သီးနှံပင်များ ရေမရရှိဘဲ ပျက်စီးဆုံးရှုံးကြရသည်။ သီးနှံပင်များ ဖြစ်ထွန်းအောင်မြင်ရန် ရေရရှိမှုသည် မရှိမဖြစ် လိုအပ်ပါသည်။အထူးသဖြင့် ဥယျာဉ်ခြံ သီးနှံပင်များ၏ ရေလိုအပ်ချက်အား […]
ကြက်ဥခနုံထုပ် လုပ်စားနည်း
ကလေးလူကြီးမရွေးကြိုက်နှစ်သက်ကြတဲ့ ခနုံထုပ်လုပ်နည်းလေးကို ဝေမျှပေးလိုက်ရပါတယ်ရှင်…
ပင်းတယ နှင့် ပုန်းတလုတ်ရေကန် သမိုင်းကြောင်း (၁)
ပုန်းတလုတ်ရေကန်ကတော့ ရွှေဥမင်လိုဏ်ဂူနဲ့ အနီးနားမှာတည်ရှိပြီး ပင်းတယမြို့လည်မှာတည်ရှိပါတယ်။ကန်ရေပြင်က အစိမ်းရာင်သန်းနေပြီး ၈၁ ဒဿမ ၁၂ ဧက ကျယ်ဝန်းပါတယ်။ ပင်းတယမြို့ ရှေးသမိုင်းကြောင်း ကို ပြန်ကြည့်လိုက်မယ်ဆိုရင် တစ် […]
