လုပ်ငန်းအကြောင်းပြကာ သိန်း၅၀၀၀ငွေကြေးအကူအညီတောင်းခံရယူခဲ့သည့် မင်းသမီးဇနီးမောင်နှံချေးငွေပြန်မဆပ်သဖြင့် အင်းတကော်ရဲစခန်းတွင် အမှုဖွင့်လှစ်ခံရ

ပဲခူးမြို့နယ်၊အင်းတကော်မြို့၊ထန်းပင်ချောင်ကျေးရွာနေဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုး၊ဥယျာဥ်ခြံမြေလုပ်ငန်းရှင်သည်နေအိမ်တွင်ရှိနေစဥ်လွန်ခဲ့သောနှစ်၂၀ခန့်ထဲကခင်မင်ရင်းနှီးခဲ့ကြသည့်ဦးမောင်မောင်ကျော်(ဘ)ဦးအုန်းမောင်၊အမှတ်A-3၊သဇင်လမ်း၊မ/ဒဂုံမြိုနယ်၊တော်ဝင်အိမ်ယာ၊ရန်ကုန်တိုင်းဒေသကြီးနေသူနှင့်အတူနေဇနီးဖြစ်သူဒေါ်မိုးမိုးမြင့်အောင်(ဘ)ဦးမြင်အောင်တို့နှစ်ဦးရောက်ရှိလာပြီး ထားဝယ်ဆိပ်ကမ်းလုပ်ငန်းအတွက်အရေးတကြီးငွေလိုအပ်နေသဖြင့်ငွေကျပ်သိန်းငါးထောင်(သိန်း၅၀၀၀ိ/)ကျပ်အားအကူအညီခတ္တပေးပါရန်လာရောက်ပြောဆိုခဲ့သဖြင့်ဦးစိုးလှိင်မှသက်သေဦးအုန်းကျော်ထန်းပင်ချောင်ကျေးရွာနေသူရှေ့မှောက်တွင်သိန်းငါးထောင်ကျပ်အားယုံကြည်စွာဖြင့်ထုတ်ပေးလိုက်သည်ဟုဆိုပါသည်။ထိုသိုထုတ်ပေးလိုက်ပြီးနောက်သတ်မှတ်ရက်တွင်ပြန်လည်ပေးအပ်ခြင်းမရှိသည့်အတွက်အကြိမ်ကြိမ်တောင်းခံခဲ့သော်လည်းရှောင်တိမ်းနေသည့်အတွက်လိုက်လံရှာဖွေပြီးတွေ့ဆုံညှိနှိုင်းကြရာထုတ်ယူသွားသောငွေကျပ်သိန်း(၅၀၀၀ိ-/)အားဒီဇင်ဘာ၂၀ရက်၂၀၂၂ရက်နေ့တွင်ငွေကျပ်သိန်း(၃၀၀၀ိ/)အား၎င်း ဒီဇင်ဘာ၃၀ရက်၂၀၂၃ရက်နေ့တွင်သိန်း(၂၀၀၀ိ-/)ကျပ်အား၎င်းပြန်လည်ပေးဆပ်ပါမည်ဟု လင်မယားနှစ်ဦးလုံးမှသက်သေများရှေ့မှောက်နှင့်အုပ်ချုပ်ရေးရုံးတိုတွင် ခံဝန်ဂတိလက်မှတ်ရေးထိုးပေးပြီးနောက်ပိုင်းတွင်လဲပြန်လည်ပေးဆပ်ခြင်းမရှိဘဲရှောင်တိမ်းနေပြီးလူမှုရေးအရအကြိမ်ကြိမ်တောင်းခံသောလဲပေးဆပ်ခြင်းမရှိသည့်အတွက်ဖေဖေါ်ဝါရီ ၁၂ ရက်တွင် ငွေထုတ်ပေးခဲ့သည့်ဦးစိုးလှိုင်(ခ)ဦးအောင်အောင်မိုးကအင်းတကော်ရဲစခန်းသို့လာရောက်ပြီး ဦးမောင်မောင်ကျော်နှင့် ဒေါ်မိုးမိုးမြင့်အောင်တို့အားအရေးယူပေးပါရန်တရားလိုပြုလာရောက်တိုင်တန်းခဲ့သည့်အတွက်အင်းတကော်နယ်မြေရဲစခန်း(ပ)၂၀/၂၀၂၃ရာဇသတ်ကြီးပုဒ်မ၄၂၀ဖြင့်အမှုဖွင့်ဆောင်ရွက်ထားကြောင်းသိရသည်။

ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းကျေးရွာအနီးတွင် PDF များ၏ တရားမဝင်ရေနံတွင်းများ၊ လက်နက်ခဲယမ်းများနှင့် ဆက်စပ်ပစ္စည်းများအား ဖော်ထုတ်ရရှိ

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် ၉ နာရီခန်တွင် ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်း ကျေးရွာအနီးတွင် အပြစ်မဲ့ပြည်သူများအား ဆက်ကြေးကောက် Tတ်ဖြတ်နေသော PDF […]

ကဲ..ပြောပြီလေ…နဂါးရိုးသားပါတဲ့

အချင်းချင်းကတောင် ပြောနေပြီလေ တပ်မတော်ဘက်က ကျဆုံးမှုကို ဖြစ်နိုင်ချေရှိတာကိုပဲ နဂါးတင်ပါတဲ့… မဖြစ်နိုင်တာတွေကို လျှောက်မတင်ပါနဲ့တဲ့ .. နဂါးတို့ကြေကွဲပြီလေ…

အကြမ်းဖက် KNU/PDF များ၏ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ခရီးသည်ပြည်သူ ၂ ဦး သေဆုံး

ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက် ၉ နာရီတွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ ရွှေညီအစ်ကိုဂိတ်မှ ထွက်ခွာလာသော ခရီးသည်တင်ကား ၁ စီးသည် ညနေ ၃ […]

ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာအနီးတိုက်ပွဲဖြစ်ပွား PDF အလောင်း/လက်နက်များရရှိ

ပြည်သူများ၏ သတင်းပေးမှုအရဖေ ၁၇ ရက်နေ့ မွန်တည့်ချိန်မှာ ထားဝယ်မြို့နယ်၊ သင်္ကန်းတုံးရွာအနီးရှိ တောင်ကြောပေါ်အား တပ်မတော်မှ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက်သမား ၃၀ ဉီးခန့်ဖြင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာမိမိဘက်က ထိခိုက်မှာမရှိဘဲ […]

မင်္ဂလာရှိသော မနက်ခင်းလေးပါရှင့်

ကိုယ့်အတွက်အားဖြစ်စေဖို့ အထင်ကြီးစေချင်တဲ့စိတ်အခံရှိသူကအထင်မကြီးခံရတဲ့အခါစိတ်မကောင်း ဖြစ်ရတတ်တယ် ။ အထင်သေးခံရတာကိုသည်းမခံနိုင်တဲ့သူကစိတ်ဓာတ်တွေရိုင်းသွားတတ်တယ် ။ သူများအထင်ကြီးလို့လည်းကိုယ်ဘ၀ဟာ ပိုမကောင်းလာသလို အထင်သေးခံရလိုလည်းကိုယ့်ဘ၀ဟာ နိမ့်ကျမသွားပါဘူး ။ ကိုယ့်ပါရမီကံ ရှိသလောက်ပဲလုပ်ပါကိုယ့်လုပ်နိုင်သလောက်ပဲလုပ်ပါ ။ ရလာဒ်အနေထားအပေါ်မှာကြည့်ပြီးတန်ဖိုးကို […]

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ရာထူးများခန့်အပ်ခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်၊ ၂၃ / ၂၀၂၃၊ နှင့် အမိန့်အမှတ် ၂၄/၂၀၂၃ ၁၃၈၄ ခုနှစ်၊ တပိုတွဲလပြည့်ကျော် ၁၃ ရက်(၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ […]

တပ်မတော် (ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲ

၂၀၂၃ ခုနှစ် ၊ တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲအား နေပြည်တော်မှာ ကျင်းပနေတဲ့ မြင်ကွင်းများပဲဖြစ်ပါတယ်။