နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများအတွင်း ရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန်ဖိတ်ခေါ်၍ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့် တပ်မတော်၏ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည်သဘောပေါက်လာသည့် AA အဖွဲ့ဝင် ၁၅ ဦး၊ PLF အဖွဲ့ဝင် ၁ ဦးနှင့် PDF အဖွဲ့ဝင် ၁၂ ဦး၊ စုစုပေါင်း ၂၈ ဦးတို့သည် လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြပြီးတာဝန်ရှိသူများက ကြိုဆိုလက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပွဲကိုယနေ့မွန်းလွဲပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာန ချုပ် ဧရာဝတီခန်းမ၌ ကျင်းပပြုလုပ်သည်။ ထိုသို့ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ကျော်ခိုင်နှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသူများနှင့်၎င်းတို့၏ မိဘအုပ်ထိန်းသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ အဆိုပါ ဥပဒေဘောင်အတွင်းပြန်လည်ဝင်ရောက်လာသူများမှာ AA အဖွဲ့ဝင်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ လေးမျက်နှာမြို့နယ်မှ အမျိုးသား ၅ ဦး၊ ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှ အမျိုးသား ၇ ဦး၊ ပေါက်တောမြို့နယ်မှ အမျိုးသား ၁ ဦး၊ မြောက် ဦးမြို့နယ်မှ အမျိုးသား ၁ ဦး၊ မင်းပြားမြို့နယ်မှ အမျိုးသား ၁ ဦး၊ AA အဖွဲ့ဝင် စုစုပေါင်း ၁၅ ဦး၊ PDF အဖွဲ့ဝင်များဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့မှ အမျိုးသား ၆ ဦး၊ ကြံခင်းမြို့နယ်မှ အမျိုးသား ၁ ဦး၊ ညောင်တုန်းမြို့နယ်မှ အမျိုးသား ၁ ဦး၊ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်မှ အမျိုးသား ၁ ဦး၊ မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် ၁၂ ဦးနှင့် PLF အဖွဲ့ဝင်ဖြစ်သော ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ်မှ အမျိုးသား ၁ ဦး၊ စုစုပေါင်း ၂၈ ဦး တို့ဖြစ်ကြောင်း သိရှိရသည်။ ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအား အသိပညာပေးအမှာစကားပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါရှိလာသည့်…