အကြမ်းဖက် အေအေများ၏ အင်အားဖြည့်တင်းရန် လူသစ်စုဆောင်းမှုများ ရှိနေခြင်းနှင့် မြေပြင်တိုက်ပွဲအခြေအနေများကြောင့် ဒေသခံတောင်သူများအနေဖြင့် စပါးပေါ်ချိန် ရိတ်သိမ်းရန် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။
နိုဝင်ဘာ ၂၃ ရက်က ပုဏ္ဏားကျွန်းမြိုနယ်၊ ယိုးတရုပ်ကျေးရွာအနီး တပ်မတော်လေကြောင်းတိုက်ခိုက်မှု ကြောင့် အကြမ်းဖက် အေအေများ ထိခိုက်ကျဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
ယခုရက်ပိုင်းအတွင်း အကြမ်းဖက် အေအေ၏ လူသစ်စုဆောင်းမှုများကြောင့် ပုဏ္ဏားကျွန်းမြိုနယ်ရှိ ပန်းနီလာ၊ ယိုးငူနှင့် အောင်ဖြူပြင်ကျေးရွာဒေသခံ အများစုမှာ စိုးရိမ်မှုမြင့်တက်လာပြီး ဘေးလွတ်ရာသို တိမ်းရှောင်နေကြကာ လုံခြုံရေးအာမခံချက်ရရှိနိုင်မည့် တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။
