






စစ်တွေ၊ငပြီကျွန်း၊ရွာမရွာအနီးကို လာရောက်ချောင်းမြောင်းခဲ့တဲ့ AAသူပုန်တွေကို နိုဝင်ဘာ ၂၅ ရက်နေ့မှာ တပ်မတော်က ပြတ်ပြတ်သားသားချေမှုန်းတိုက်ခိုက်ခဲ့ပါတယ်။
တိုက်ခိုက်မှုအတွင်း AA သူပုန်အများအပြား ထိခိုက်သေဆုံးမှုများပြီး ဆုတ်ခွာထွက်ပြေးသွားခဲ့တဲ့ သက်သေမှတ်တမ်းများကို အများပြည်သူကို ချပြတဲ့ဒရုန်းတိုက်ခိုက်မှု မှတ်တမ်းတွေမှာ တွေ့ရှိရပါတယ်။
တိုက်ခိုက်ချေမှုန်းမှုနောက်ပိုင်း တပ်မတော်စစ်ကြောင်းများက ယမန်နေ့မှာ နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ AAသူပုန်အလောင်း ၇ လောင်း၊ လက်နက် ၁၃ လက်နှင့်ဆက်စပ်ပစ္စည်းများကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ပါတယ်။
