နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး ကမ္ဘာတစ်ဝှမ်းရှိ လူသားမျိုးနွယ်အားလုံးကို အတိဒုက္ခပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ခြင်းများကို ထိရောက်ပြတ်သားစွာ ဖော်ထုတ်ဖမ်းဆီးအရေးယူဆောင်ရွက်ခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အထူးအလေးထား ဆောင်ရွက်လျက်ရှိသည်။ အချို့သောနယ်စပ်ဒေသများ၌ ပြည်ပနိုင်ငံသားအချို့သည် EAO လက်နက်ကိုင်အဖွဲ့များအပါအဝင် ဆက်စပ်နေရာများမှ ကိုယ်ကျိုးစီးပွားရှာသူများ၏ ပါဝင်ပတ်သက်မှုများဖြင့် အွန်လိုင်းလိမ်လည်မှုများ၊ အွန်လိုင်းလောင်းကစားမှုများ လုပ်ဆောင်လျက်ရှိရာ တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများပူးပေါင်း၍ ၎င်းတို့ကိုရှာဖွေစိစစ်ဖမ်းဆီးခြင်းနှင့်ပြစ်မှုကျူးလွန်သူပြည်ပနိုင်ငံသားများအား နိုင်ငံအချင်းချင်းချစ်ကြည် ရင်းနှီးမှုကိုရှေးရှု၍ပြန်လည်လွှဲပြောင်းခြင်းလုပ်ငန်းစဉ်များကိုလည်း အစဉ်တစိုက်အလေးထား ဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ မြန်မာနိုင်ငံအတွင်းသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်နယ်စပ်ဖြတ်ကျော်၍ဖြစ်စေဝင်ရောက်လာပြီး အွန်လိုင်းလိမ်လည်လောင်းကစားမှုများ ကျူးလွန်ခဲ့သည့်…