ဂျာမနီသံရုံး ယာယီတာဝန်ခံ၏ လူမှုမီဒီယာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော ဗီဒီယိုနှင့်ပတ်သက်၍ ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း

၁။        ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော ဂျာမနီသံရုံးယာယီတာဝန်ခံ မာသီးရက်စ်လေရှာ့စ် Mathias Licharz ၏ ဗီဒီယိုဖိုင်တွင်ပါရှိသည့် ၎င်း၏ပြောကြားချက်များသည် မြန်မာနိုင်ငံ၌ဒီမိုကရေစီနည်းလမ်းဖြင့် ပြည်သူကရွေးကောက်တင်မြှောက်ထားသည့်မိမိတို့၏ နိုင်ငံတော်အစိုးရနှင့် နိုင်ငံတော်အကြီးအကဲကို မထီမဲ့မြင်ပြုခြင်းဖြစ်သည့်အပြင် ရွေးကောက်ပွဲတွင် တက်ကြွစွာဆန္ဒမဲပေးခဲ့ကြသည့် မြန်မာပြည်သူပြည်သားအားလုံးကို တိုက်ရိုက်ပုတ်ခတ်စော်ကားခြင်းလည်းဖြစ်ပါသည်။

၂။         ဂျာမနီသံရုံးယာယီတာဝန်ခံအနေဖြင့် ဗီဒီယိုရိုက်ကူးသည့်နေရာရွေးချယ်မှုအပါအဝင် ပြုမူပြောဆိုဆောင်ရွက်မှုများသည်  အိမ်ရှင်နိုင်ငံနှင့် နိုင်ငံတော်အစိုးရအပေါ်  အတိုက်အခံပြုရန်အတွက်  အားပေးအားမြှောက်ပြုလုပ်နေသည့်အသွင်တွေ့ရှိရပြီး  ပြည်တွင်းရေးမငြိမ်မသက်မှုများဖြစ်စေရန်နှင့် နိုင်ငံတော်အစိုးရအား အကြည်အညိုပျက်စေရန် ရည်ရွယ်ချက်ရှိရှိ အားပေးလှုံ့ဆော်ရာလည်းရောက်ပါသည်။

၃။        သို့ဖြစ်ပါ၍ ဂျာမနီသံရုံးယာယီတာဝန်ခံ မာသီးရက်စ်လေရှာ့စ်၏  အထက်ပါပြုမူဆောင်ရွက်ပြောကြားချက်များနှင့်ပတ်သက်၍  ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA  မှ ပြင်းထန်စွာကန့်ကွက်ရှုတ်ချကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့

ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA

Leave a Reply

Your email address will not be published. Required fields are marked *