ကယားပြည်နယ်ရောက်ရှိပြီးဆိုတာနဲ့ ကယားဝက်အူချောင်း၊ ကယားဟင်းထုပ် ၊ ကယားခေါင်ရည် စသော ၎င်းဒေသထွက်အစားအစာသည် မဖြစ်မနေသွားစားသင့်တဲ့ ရိုးရာအစားစာဖြစ်ပါတယ်။ ကယားဝက်အူချောင်း သည် ကယားပြည်နယ်တစ်ခုထဲတွင်သာ ထွက်ရှိသော မက်ခါသီးအမှုန့်နဲ့ ရောစပ်ထားသောကြောင့် ကယားဝက်အူချောင်းအရသာ ကိုပိုပြီးတော့ ကောင်းမွန်းစေပါတယ်။
ကယားဝက်အူချောင်ကို ကြိုက်နှစ်သက်သူများအတွက် မိသားစု အိမ်တွင်းဖြစ်စေ ၊ ဘောဒါ အဖွဲ့လိုက်ဖြစ်စေ၊ ပြန်လည်ရောင်းချလို့သူများဖြစ်စေ အလွယ်တကူလုပ်စားလိုရအောင် အနည်းငယ်ဖော်ပြလိုက်ပါတယ်…နော်..။
ပါဝင်ပစွည်းများ
°°°°°°°°°°°°°°
(၁) သန့်ရှင်းလန်ဆတ်သော ဝက်သား ၊ ဝက်အူချောင်း
(၂)မက်ခါသီး မှုန့်
(၃)ငရုတ်သီးမှုန့်
(၄)နနွင်းမှုန့်
(၅)ဆား
(၆) ကြက်သွန်းဖြူ ၊ ဂျင်း
(၇)ဆန်အရက် (ထည့်လည်းရ၊ မထည့်လည်းရ)
(၈)ဂျူ မြစ်ထောင်း (ကယားနည်းမပါ ၊ကယန်းနည်းထည့်)
ပြုလုပ်နည်း
°°°°°°°°°°
ပထမ ~ ဝက်သားကိုကြေညက်နေအောင်ဖြစ်ဖို့အတွက် ကြိတ်စက်ဖြစ်လည်းကောင်း ၊ ဓားနဲ့ဖြင့် လည်းကောင်း ခုတ်ထစ် ပြု လုပ်ပေးရမယ်။ ဝက်အူချောင်းကိုလည်း ဆားဖြင့် သန့်ရှင်းနေအောင် အရင်ဆေးကြောထားရပါမည်။
ဒုတိယ ~ ကြေညက်နေအောင် ပြုလုပ်ထားသော ဝက်သားကို မက်ခါသီးမှုန့်၊ငရုတ်သီးမှုန့်၊ဆား ၊ နံနွင်းမှုန့် ၊ထောင်းထားသော ကြက်သွန်းဖြူ နှင့်ဂျင်း ၊ အချို့မှုန့်အနည်းငယ် ၊ ဆန်းအရက်ထည့်လို့လည်း (ထည့်လည်းရ) ၊ ၎င်းတို့အားလုံးကို တမနေအောင်ရောနှယ်ထားပေးရပါမည်။ ကယန်းဝက်အူချောင်း လုပ်နည်းအတိုင်းဆိုရင် ဂျူ းမြစ်ပါ အနည်းငယ် ရောနယ်ထည့်ရပါမည်။
တတိယ ~ အစုံရောနှယ်ထားသော ဝက်သားကို ဆေးကြောသန့်စင်ထားသော ဝက်အူချောင်းထဲကို သေသေချာချာသိပ်ထည့် ရပါမည်။ ယခုအခါတွင် လက်ဖြင့်လှည့်ပြီး သိပ်ထည့်လို့ရသော စက်လည်း ရှိနေပြီးဖြစ်တယ်။
နောက်ဆုံးအနေနဲ့. ♨♨♨ ၎င်း ဝက်အူချောင်းကိုဒီအတိုင်းအစိမ်းကင်တာ နဲ့ ပေါင်းပြီးမှကင်တာ ဟူ၍နှစ်နည်း ပြုလုပ်လို့ရပါတယ်။
♨ ပေါင်းနည်းက ၎င်းဝက်အူချာင်ကို ုကြက်နေအောင်ပေါင်းအိုးဖြင့် ပေါင်းပြီးမှ မီးဖြင့် ထပ်မံကင်းရပါမည်။
♨ အစိမ်းကင်မယ်ဆိုရင် ကြက်တဲ့အထိ ကင်ထားလို့ရပါတယ်။ ဒါမှမဟုတ် အရေးကြီး အမြန်လို့နေရင်တော့ တစ်ခါထဲ ကြော်လို့လည်း ရပါသေးတယ်နော်။
အားလုံးလုပ်စားရတာ အဆင်ပြေပါစေ..ကျေးဇူးပါ ..။
