အပင်အတွက် မရှိမဖြစ်လိုအပ်သော အဟာရများ

မြေကြီးထဲတွင် အပင်အတွက် လိုအပ်သော အဟာရ များစွာ ရှိပါသည်။ ထိုအာဟာရ များစွာထဲတွင် မရှိမဖြစ် လိုအပ်သော အဟာရ (၁၆) မျိုးရှိပါသည်။ ထို(၁၆) မျိုးထဲမှ ကာဗွန်(C)၊ ဟိုက်ထရိုဂျင် (H2) နှင့်အောက်ဆီဂျင် (O2) အဟာရဓာတ် သုံးမျိုးမှာ လေနှင့်ရေထဲမှ အလွယ်တကူ ရရှိနိုင်ပါသည်။ ကျန်အဟာရဓာတ် (၁၃)မျိုး ကို မြေကြီးထဲမှာ ရယူလေ့ရှိပြီး အုပ်စုအားဖြင့် ပထမအများလို အဟာရဓာတ်များမှာ နိုက်ထရိုဂျင် ၊ဖော့စဖောရပ်နှင့် ပိုတက်ဆီယမ် တို့ဖြစ်သည်။ ဒုတိယအများလို အုပ်စုမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ဆာလဖာ တို့ဖြစ်သည်။ အနည်းလို အဟာရဓာတ်များမှာ သံ၊ မဂ္ဂနိ၊ ဇင့်၊ ကောပါး၊ ဘိုရွင်နှင့် မော်လဒီနမ် တို့ဖြစ်သည်။

အဟာရဓာတ်များယေဘုယျချို့တဲ့လက္ခဏာများချို့တဲ့ရသောအကြောင်းအရင်းပြန်လည်ထိန်းသိမ်းနည်း
နိုက်ထရိုဂျင်(N) အရွက်ဝါခြင်း၊ အပင်ကြီးထွားမှုရပ်တန့်ခြင်း၊အောက်အရွက်များ ညိုလာခြင်း၊ အရွက်ကြွေခြင်းမြေကြီးအတွင်း နိုင်ထရိုဂျင် အဟာရနည်းပါးခြင်း၊မြေကြီးမှ အဟာရဓာတ်များစီးမျောသွားခြင်း၊အဟာရေကၽြးပံုနည်းမကျခြင်းသဘာဝမသြဇာများ ကျွေးခြင်း၊ပဲမျိုးစုံ စိုက်ပျိုးခြင်းသို့မဟုတ်သစ်စိမ်းမြေသြဇာ ပြုလုပ်ခြင်း၊ပုလဲ ဓာတ်မြေသြဇာ ထည့်သွင်းခြင်း
ဖော့စဖောရပ်(P)အပင်သေးငယ်ခြင်း၊ အရွက်များ ခရမ်းရောင်သန်းလာခြင်း၊ အပင်ကြီးထွားမှု နှေးကွေးခြင်း၊ အပင်ကြံခိုင်မှုအားနည်းခြင်းမြေကြီးတွင်း ဖော့စဖောရပ် အဟာရနည်းပါးခြင်း၊မြေကြီးအေးခြင်း၊စိုစွတ်လွန်ကဲခြင်း၊အဟာရေကၽြးပံုနည်းမကျခြင်းအရိုးမှုန့်၊ သဘာဝမြေသြဇာ၊တီစူပါ ဓာတ်မြေသြဇာထည့်သွင်းခြင်း
ပိုတက်ဆီယမ်(K)အပင်သေးငယ်ခြင်း၊ အောက်ရွက်နားများ အညို ရောင်ဖြစ်ပေါ်ခြင်း၊ပင်စည် အားနည်း ၍ သေးငယ်ခြင်း၊ အပင်ယိုင်လဲခြင်း၊အထွက်နှုန်း ကျခြင်းနှင့် အရည်အသွေးကျခြင်း မြေကြီးတွင်း ပိုတက်ဆီယမ်အဟာရ နည်းပါးခြင်း၊မြေကြီးမှ အဟာရဓာတ်များ စီးမျော သွားခြင်း၊ အဟာရကျွေးပုံနည်းမကျခြင်းပြာ၊ သဘာဝမြေသြဇာ၊ပိုတက်ရှ် ဓာတ်မြေသြဇာထည့်သွင်းခြင်း
ကယ်လ်ဆီယမ်(Ca)အပင်သေးငယ်ခြင်း၊ အဖူးငုံများပုံစံပျက်ခြင်း၊ အပင်များမရှင်သန်နိုင်ခြင်း၊ အသီးဖြစ်ထွန်းမှုအားနည်းခြင်းမြေချဉ်ခြင်း၊ မြေကြီးမှ အဟာရဓာတ်များစီးမျောသွားခြင်း၊ထုံးထည့်သွင်းမှုနည်းမကျခြင်းထုံး၊ ကယ်လ်ဆီယမ်ပါဝင်သော ဓာတ်မြေသြဇာထည့်သွင်းခြင်း
မဂ္ဂနီဆီယမ်(Mg)အောက်ရွက်များ (များသောအားဖြင့်) ရွက်ကြောနေရာများသာ စိမ်းပြီး ကျန်နေရာများ ဝါခြင်းမြေချဉ်ခြင်း၊ မြေကြီးမှ အဟာရဓာတ်များစီးမျောသွားခြင်း၊ မဂ္ဂနီဆီယမ်ပါဝင်သောမြေသြဇာများမထည့်သွင်းခြင်းမဂ္ဂနီဆီယမ်ပါသောမြေသြဇာထည့်သွင်းခြင်း
ဆာလဖာ(S)အပင်ဝါခြင်း၊ အပင်ကြီးထွား မှုနှေးခြင်း၊ သန်စွမ်းမှု အားနည်းခြင်း၊နိုက်ထရိုဂျင်မြေသြဇာအား အပင်မှ မတုန့်ပြန်နိုင်ခြင်း(နိုက်ထရိုဂျင် ဓာတ်အား အပင်မှ မရယူနိုင်ခြင်း)၊ အထွက်နှုန်းနှင့် အရည်အသွေး ကျဆင်းခြင်းမြေကြီးတွင် ဆာလဖာဓာတ် အားနည်းနေခြင်း၊မြေကြီးမှ အဟာရဓာတ်များ စီးမျော သွားခြင်း၊မြေကြီးတွင် မြေဆွေးပါဝင်မှု အားနည်းခြင်း၊ ဆာလဖာ ပါဝင်သော မြေသြဇာ ထည့်သွင်းမှုမရှိခြင်းဆာလဖာပါသောမြေသြဇာထည့်သွင်းခြင်း
မဂၢနိ(Mn)ရွက်ကြောများကြား ဝါခြင်း၊ အပင်ပုခြင်း၊ အထွက်နှုန်းနှင့် အရည်အသွေးကျဆင်းခြင်းမြေကြီးတွင် မဂ္ဂနိပါဝင်မှုအားနည်းခြင်း၊ ထုံးထည့်သွင်းမှု များသောကြောင့် မြေငန်ခြင်းမြေချဉ်ငန်ဓာတ်ကို လျော့ချခြင်း၊ မဂ္ဂနိပါသော ရွက်ဖြန်းဆေးဖြန်းခြင်းသို့မဟုတ် မဂ္ဂနိပါသော မြေသြဇာ ထည့်သွင်းခြင်း
ဇင့်(Nn)အရွက်ပေါ်တွင် အဝါကွက်များ ပေါ်လာခြင်း၊ အပင်ကြီးထွားမှု နှေးခြင်း၊ ရွက်ကြောနှင့်အပြိုင် အဖြူရောင် အဆင်းများ ပေါ်လာခြင်းမြေကြီးတွင် ဇင့်ဓာတ်ပါဝင်မှု အားနည်းခြင်း ၊ မြေငန်ခြင်း ၊ ဖော့စဖိတ်ဓာတ် မြင့်လွန်းခြင်းမြေချဉ်ငန်ဓာတ်ကို လျော့ချခြင်း၊ ဇင့်ဓာတ်ပါဝင်သော ရွက်ဖြန်းသို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း၊
ကောပါး(Cu)အပင်ကြီးထွားမှု လျော့ကျခြင်း၊ ရွက်ဖျားများ မှစ၍ ခြောက်သွေ့လာခြင်း၊ ရွက်ဖျားများ ကွေးကျလာခြင်း၊ အရွက်များ ပျက်စီးခြင်းမြေကြီးတွင် ကောပါးဓာတ် အားနည်းခြင်း၊မြေဆွေးပါဝင်မှုမြင့်မားလွန်းခြင်းကောပါးဓာတ် ပါဝင်သော ရွက်ဖြန်းမြေသြဇာ အသုံးပြုခြင်းသို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း
ဘိုရွန်(B)ထိပ်ဖျားအဖူးများ သေခြင်း၊ အပင်ပု၍ ကိုင်းခွဲများစွာ ထွက်ခြင်း၊ အသီးများ သေး၍ ပုံပျက်ခြင်း၊အလယ် အူတိုင်များ ပွခြင်း (သို့) အခေါင်းပေါက် များဖြစ်ခြင်း၊ အသီးပေါ်တွင် အစက်အပြောက် များပေါ်လာခြင်းမြေကြီးတွင် ဘိုရွင်ဓာတ် အားနည်းခြင်း(သဲဆန်သော မြေများတွင် အဖြစ်များသည်)ဘိုရွန်ဓာတ် ပါဝင်သော ရွက်ဖြန်းမြေသြဇာ အသုံးပြုခြင်း သို့မဟုတ် မြေသြဇာ ထည့်သွင်းခြင်း

Leave a Reply

Your email address will not be published. Required fields are marked *