သီတင်းကျွတ်လပြည့်နေ့တွင် မိုးကုတ်မြို့အရှေ့ပိုင်းရှိ ချမ်းသာကြီးဘုရား၌ ဆီးမီး ၁၀၀၀ ပူဇော်ပွဲနှင့် မီးပုံပျံလွှတ်ပွဲများအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ သီတင်းကျွတ်အခါသမယတွင် ပြည်သူများသည် ဘုရားရင်ပြင်တော်၌ ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ ပန်း၊ ရေချမ်းနှင့် ဆွမ်းတော်များ ကပ်လှူခြင်း၊ ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်းတို့ဖြင့် ဘာသာရေးဆိုင်ရာ အလှူဒါနများကို ပြုလုပ်ကြပါသည်။ထို့ပြင် မိသားစုလိုက် ဘုရားဖူးလာရောက်သူများ၊ သက်ကြီးရွယ်အိုများအား ကန်တော့ဂါရဝပြုကြသူများနှင့် ဘုရားရင်ပြင်တော်အတွင်း အေးချမ်းစွာ ဝတ်ပြုဆုတောင်းနေကြသူများကိုလည်း တွေ့မြင်ရပါသည်။သီတင်းကျွတ်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် အလွန်အရေးပါသည့် နေ့ထူးနေ့မြတ်တစ်နေ့ဖြစ်ပြီး မီးထွန်းပွဲတော်၏ အလင်းရောင်များနှင့်အတူ ဘာသာတရားကိုင်းရှိုင်းမှု၊ မိသားစုချစ်ခင်ရင်းနှီးမှုနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှုတို့ကို ထင်ဟပ်စေသည့် အခါသမယလည်းဖြစ်ပါသည်။





