ရန်ကုန်မြို ပြည်သူ့ရင်ပြင်၌အောက်တိုဘာ ၂၄ ရက်တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲ ကျင်းပ

ရန်ကုန်မြို ပြည်သူ့ရင်ပြင်၌ အောက်တိုဘာ ၂၄ ရက် တွင် သီတင်းကျွတ်ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်ကို အောက်တိုဘာ ၂၄ ရက်မှ ၂၇ ရက်အထိ ကျင်းပသွားမှာဖြစ်ပြီး ဆိုင်ခန်းပေါင်း(၆၂၈) ခန့်ပါဝင်ပြသရောင်းချသွားမှာဖြစ်ပါတယ်။ ဈေးရောင်းပွဲတော်သို လာရောက်သူများအား သွားလာရေးလွယ်ကူစေရန် အကြို/အပိုကားများကိုလည်း စီစဉ်ထားသလို ပွဲတော်ရက်အတွင်း စတုဒီသာကျွေးမွေးမှုများ၊ ရုပ်ရှင်၊ သဘင်၊ ဂီတနယ်ပယ်တိုတွင် ကျော်ကြားသည့် အနုပညာရှင်များ၏ ဖျော်ဖြေမှုများကို ကြည့်ရှုခံစားနိုင်မည်ဖြစ်သလို သီတင်းကျွတ်လပြည့်နေ့တွင် မီးရှူး၊ မီးပန်းများ ပစ်ဖောက်မည်ဖြစ်သည့်အတွက် မည်သူမဆို ပျော်ရွှင်စွာ လာရောက်ဆင်နွှဲနိုင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *