ရွှေမော်ဓောဘုရားတွင် သီတင်းကျွတ်မီးထွန်းပွဲနှင့် ဒေသထွက်ကုန်ဈေးရောင်းပွဲတော် ၃ ရက်ကြာ ကျင်းပမည်

ပဲခူးမြိုရှိ ရွှေမော်ဓောဘုရား ယာဉ်ရပ်နားကွင်းတွင် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် MSMEs ဈေးရောင်းပွဲတော်ကို အောက်တိုဘာ ၂၅ ရက်မှ ၂၇ ရက်အထိ သုံးရက်ကြာ ကျင်းပသွားမည်ဖြစ် ကြောင်း သိရသည်။

ပွဲတော်တွင် လယ်ယာလုပ်ငန်းသုံးပစ္စည်းများ၊ ဒေသထွက်စားသောက်ကုန်များနှင့် လက်မှုပစ္စည်းများကို ထုတ်လုပ်သူများကိုယ်တိုင် လာရောက်ရောင်းချမည်ဖြစ်ရာ ဒေသထွက်ကုန်များကို တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်မည်ဖြစ်သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ၏ စီစဉ်ကြီးကြပ်မှုဖြင့် ကျင်းပမည့် အဆိုပါပွဲ တော်သို မည်သူမဆို လာရောက်လည် ပတ်ဝယ်ယူနိုင်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *