၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက် ကလေးသူငယ်များ ငွေကြေးထောက်ပံ့ခြင်း(MCCT) အကျိုးခံစားခွင့်ရှိသူများကို ခြောက်လစာ ထောက်ပံ့မည်ဖြစ်ကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် MCCT အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး (နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ)၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အကျိုးခံစားခွင့်ရှိသူများအား ခြောက်လစာထောက်ပံ့ပေးမည်ဖြစ်ပြီး အကျိုးခံစားခွင့်ရှိသူများအား အကျိုးခံစားခွင့်လအလိုက် သက်ဆိုင်ရာ မြန်မာ့စီးပွားရေးဘဏ်ခွဲများမှတစ်ဆင့် အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၇ ခုနှစ် ဇန်နဝါရီ ၆ ရက်အထိ အကျိုးခံစားခွင့်ရှိသူကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်များမှ နိုင်ငံသားအသိအမှတ်ပြု ကတ်ပြား(မူရင်း) ယူဆောင်ပြီး သွားရောက်ထုတ်ယူနိုင်ကြောင်းနှင့် Mobile Pay နည်းလမ်းဖြင့် ထောက်ပံ့ကြေးများကို အောက်တိုဘာ ၂၈ ရက်မှစ၍ အကျိုးခံစားခွင့်ရှိသူများမှပေးထားသည့် ဖုန်းနံပါတ်များသို့ ထောက်ပံ့ငွေများ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း သိရသည်။
သိရှိလိုသည်များရှိပါက ကယား(၀၉-၆၆၅၈၈၁၂၃၂)၊ ကရင်(၀၉-၄၂၅၀၀၃၇၄၈)၊ ချင်း(၀၉-၄၅၆၁၀၁၉၈၃)၊ စစ်ကိုင်း(၀၉-၂၅၈၇၃၆၅၉၀)၊ ရခိုင်(၀၉-၂၅၀၅၉၉၉၈၀)၊ ရှမ်း(၀၉-၃၆၀၈၃၆၄၈)၊ ဧရာဝတီ(၀၉-၇၈၂၅၇၈၄၆၆)၊ လူမှုဝန်ထမ်းဦးစီးဌာန၏ Help Line ဖုန်းနံပါတ် 1566 နှင့် ၀၉-၈၈၉၉၀၀၀၇၇ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
