(၄၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပါဝင်တက်ရောက်

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့ ၌ ကျင်းပခဲ့သည့် (၄၃)ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံ  (43rd ASEANAPOL Conference) သို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ညီလာခံတွင် (၄၃) ကြိမ်မြောက် အာဆီယံရဲအဖွဲ့ညီလာခံပူးတွဲကြေညာချက် (43rd Joint Communique- 43rd JC)အား အာဆီယံရဲအဖွဲ့ဝင် ၁၀ နိုင်ငံမှ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ခြင်းလည်း ဖြစ်ပါတယ်။

အဆိုပါ 43rd JC ၏ နောက်ဆက်တွဲအဖြစ် ပူးတွဲဖော်ပြမည့် အွန်လိုင်းအသုံးပြုလိမ်လည်မှု ကျူးလွန်နေသော အဖွဲ့အစည်းများအား နှိမ်နင်းတိုက်ဖျက်ရေးဆိုင်ရာပူးတွဲကြေညာချက် (Bangkok Joint Declaration on eliminating scam centres linked to trafficking in persons for forced criminality) အတည်ပြုခဲ့ကြောင်း သိရှိရပါတယ်။

News

Leave a Reply

Your email address will not be published. Required fields are marked *