-အမေရိကန်ဒုသမ္မတ ဂျေဒီဘန့်စ် သည် အိန္ဒိယသို့ ၄ ရက်ကြာအလည်အပါတ်ရောက်ရှိနေသည် ။
-ကမ္ဘာတဝှမ်း online ငွေလိမ်ဂိုဏ်းများကြီးထွားလာကြောင်း ကုလက ထုတ်ပြန်ခဲ့သည် ။
-ဟိမဝန္တာတောင်တန်း၏ရေခဲထုသည် ၂၃ %သာရှိတော့၍ ထိုမှမြစ်ဖျားခံစီးဆင်းသောမြစ်များရှိသည့် မြန်မာ-တရုတ်- အိန္ဒိယ-နိပေါ-ဘူတန်-ပါကစ္စတန် နိုင်ငံများ၏မြစ်ရေလျှော့နည်းမှု့ကြုံရမည်ဟုဆိုသည် ။
-လိဒ်ယူနိုက်တက် နှင့် ဘန်တဘေ အသင်းတို့ ပရီးမီးယားလိဒ် သို့ တန်းတက်လာသည် ။
ပြည်တွင်းထူခြားသတင်းမှာ –
-ထားဝယ် ထီးထ စခန်းသိမ်းနိုင်ခဲ့သောသူပုန်များက ၎င်းတို့သည် ကရင်သူပုန် ၊ မွန်သူပုန် ၊ ABSDF ၊ PDF ၊ BPLA ၅ ဖွဲ့မဟာမိတ်အဖြစ်ပေါင်းတိုက်ခဲ့ကြောင်းထုတ်ပြန်သည် ။
-သာကေတ လင်းလက်ရွှေဆိုင်ပိုင်ရှင် မမိတုတ်အား ကားဖြင့်ဖမ်းခေါ်ပြီး ၁ ရက်အကြာ လူပြန်လွှတ်၍ ရွှေထုတ် ယူသွားခဲ့သူ ၃ ဦး အားဖမ်းမိပြီး ရွှေများကို ပိုင်ရှင်ထံပြန်ပေးပြီးဖြစ်ကြောင်း ၊ ၎င်းတို့မှာ ရပ်ကွက်အတွင်းမှ စီးနေကျ ဆိုက်ကားသမား ၊ မမိတုတ်၏ ငယ်သူငယ်ချင်းနှင့် အခြားတစ်ဦးတို့ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကထုတ်ပြန်သည် ။
-မြန်မာ၌ ငလျင်ကြီးလှုပ်ခတ်ခဲ့သော်လည်း နိုင်ငံတကာအဆင့်မီ ငလျင်ဒဏ်ခံနည်းပညာဖြင့် နျူဓါတ်အားပေးစက်ရုံကို ဆက်ဆောက်မည်ဖြစ်ကြောင်း ရိုက်တာ၏ မေးမြန်းချက်ကို ရုရှား ရိုစတန်ကုမ္ပဏီ က ဖြေကြားသည် ။
-တက္ကသိုလ်ဝင်စာမေးပွဲပြန်ဖြေရခြင်းအတွက် ကျောင်းသားဆူပူမှု့ဖြစ်လာစေရန် ပြည်ပမီဒီယာများက လှုံ့ဆော်လျှက်ရှိသည် ။
-အစိုးရသည် ငလျင်ဘေးပြန်လည်တည်ဆောက်ရေးရှိသဖြင့် အပစ်ရပ်ခြင်းကို ဧပြီလကုန်အထိ သက်တမ်းတိုးလိုက်သည်။
