အကြမ်းဖက်ခေါင်းဆောင် ပသိုင်းအဖွဲ့အား Drop Bomb ချ တိုက်ခိုက်

ဇန်နဝါရီလ ၁၉ ရက်၊ ညနေ ၃ နာရီအချိန်ခန့်က ကျိုက်ထိုမြို့နယ်၊ ဇီးကုန်းတံတားဘက်ခြမ်း၊ ကရဝေးဆိပ်ရှိ အကြမ်းဖက် လူသတ်၊ ဓားပြတိုက်၊ ကားပြန်ပေးဆွဲမှုများ မကြာခဏပြုလုပ်လေ့ရှိသော အကြမ်းဖက် ခေါင်းဆောင် အာကာလင်းထက် (ခေါ်) ပသိုင်း၏ အခြေပြုဆက်ကြေးကောက်နေသော နေရာအား တပ်မတော် Drone Team မှ Drop Bomb ချတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိပါသည်။
ပသိုင်းဆိုသူမှာ ကျိုက်ထိုမြို့နယ်၊ မုက္ခမူရွာသား၊ ရဲပြေး အေးမင်းထွန်း၏ လက်အောက်ခံ ကြေးစားလူသတ်ပေးသူ တပည့်တစ်ဦးဖြစ်ကြောင်း သိရပြီး ၎င်း၏လုပ်ရပ်များအား လက်မခံသော PDF အဖွဲ့တစ်ခုမှ အခြေပြုရာနေရာအား တိကျစွာသတင်းပေးပို့လာမှုကြောင့် ယခုကဲ့သို့ Drop Bomb ချ တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

Saw Ba Maung

Leave a Reply

Your email address will not be published. Required fields are marked *