🌷စိတ်ညစ်တာတွေပျောက်စေဖို့🌷 ဘ၀ဆိုတာလိုက်လျောညီထွေစွာနေတတ်ဖို့လိုပါတယ် ။ အဲ့ဒီလိုနေထိုင်တတ်ဖို့အတွက်ဘာလိုအပ်သလဲဆိုရင် မှန်ကန်တဲ့နှလုံးသွင်းမှုဖြစ်တဲ့ယောနိသောမနသိကာရကိုလိုအပ်ပါတယ် ။ အဆင်ပြေရင် စိတ်ကတစ်မျိုးမပြေရင် စိတ်ကတစ်မျိုးမဖြစ်အောင်ကိုယ့်စိတ်ကို ထိန်းညှိပေးဖို့လည်းလိုတယ် ။ လာဘ်လာဘတွေ ရလာတဲ့အခါရှိလာတော့လည်းလှူရတာပေါ့ဆိုတဲ့စိတ်မျိုးထားနိုင်ဖို့လိုအပ်သလို လာဘ်မရတဲ့အခါမှာလည်းမမြဲဘူးလေ ထိန်းသိမ်းရတာလည်းသက်သာတာပေါ့ဆိုတဲ့စိတ်မျိုးကိုထားတတ်ဖို့လိုပါတယ် […]