ထားဝယ်မှာ ၉ နှစ်အရွယ် ကျောင်းသားကလေး တစ်ဦး မိုင်းထိ သေဆုံးခဲ့ရသလို ကျောင်းသား၊ ကျောင်းသူ ၂၅ ယောက် ဒဏ်ရာရခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်။
အတန်းပညာတတ်မြောက်စေချင်လွန်းလို့ မိဘတွေက ကလေးသူငယ်တွေကို ကျောင်းပို့ကြတယ်။ ကလေးသူငယ်တွေမှာလည်း ဒီအဖြူ အစိမ်း အင်္ကျီကို ဝတ်ချင်လွန်းအားကြီးလို့ တက်ကြွစွာနဲ့ ကျောင်းတွေဆီ လာခဲ့ကြတယ်။
ခက်တာက လူသတ်ဖို့လောက် ခေါင်းထဲရှိတဲ့ အကြမ်းဖက်တွေက လူပီသရင် လုပ်သင့်လား မလုပ်သင့်လားဆိုတာကိုတောင် မဝေဖန် မပိုင်းခြားတတ်ကြတော့တဲ့ စာသင်ကျောင်းကို ပစ်မှတ်ထား တိုက်ခိုက်လာခဲ့ကြတယ်။ တကယ့်ကို ဆိုးရွားလွန်းတဲ့ အကြမ်းဖက် လုပ်ရပ်ပါပဲ။
(နရီမိုး)