FIFA FIFPRO Men’s World 11 ဆုများပေးအပ်

အာဆင်နယ်ဂန္ထဝင်နည်းပြဟောင်း အာစင်ဝင်းဂါးဟာ FIFA FIFPRO အကောင်းဆုံးအသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ မန်စီးတီးကစားသမားတွေကိုဆုပေးအပ်ဖို ကြာသပတေးနေ့က မန်စီးတီးအသင်းထံ သွားရောက်ခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ရာသီက သမိုင်းဝင်ဆုဖလား(၃)လုံးဆွတ်ခူးခဲ့တာကြောင့် FIFA FIFPRO အကောင်းဆုံးအသင်းမှာ ကစားသမား(၆)ဦးပါဝင်တဲ့အထိ လွှမ်းမိုးခဲ့ပါတယ်။

ဟာလန်း၊ ဒီဘရိုင်း၊ ဘာနာဒိုဆေးလ်ဗား၊ ရူဘင်ဒီယက်ဇ်၊ ဝေါလ်ကာနဲ့ ဂျွန်စတုန်းစ်တိုက FIFA FIFPRO ဆုများကို ရရှိခဲ့တာလည်းဖြစ်ပါတယ်။