ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်အစောပိုင်း၌ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာလမ်းဆုံတွင် PNLA/PNLO အဖွဲ့များက လက်နက်ခဲယမ်းများအား မှောင်ခိုသယ်လာကြောင်း သတင်းရရှိ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO အဖွဲ့များ ပူးပေါင်း၍ပိတ်ဆို့နိုင်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းသိရှိရပါတယ်။
ဖြစ်စဉ်တွင် PNLA/PNLO အဖွဲ့များက အခြေအနေမဟန်တော့၍ ကားပေါ်ရှိ လက်နက်ခဲယမ်းများအား မီးရှို့ထွက်ပြေးသွားသဖြင့် ခဲယမ်းများ ပေါက်ကွဲမှုကြောင့် ပြည်သူပိုင်နေအိမ် ၂၇ လုံး မီးလောင်ဆုံးရှုံးခဲ့ရပြီး ထိုနေရာအား လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်းခဲ့ရာ မီးလောင်ပျက်ဆီးသွားသော ကား ၅ စီးပေါ်မှ လက်နက်ငယ် – ၅၂၆ လက်၊ ၁၀၇ မမ ရှော့တိုက်ဒုံး – ၂၀ လုံး၊ ၅.၅၆ မမကျည်- ၃၀၀၀၀ ကျော်၊ RPG ဒုံးသီးများနှင့် PNLA ယူနီဖောင်းဝတ် ၁ လောင်း၊ သေနတ် ၁ လက်တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း၊ တပ်မတော်မှ စစ်သည် ၁ ဦးနှင့် PNO ဘက်မှ ၂ ဦးတို့ ဒဏ်ရာအနည်ငယ်ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။
PNLA/ PNLO အဖွဲ့ရဲ့ လုပ်ရပ်ကို Khit Thit မှ အမှန်မရေးဘဲ လုံခြုံရေးတပ်ဖွဲ့ဝင်များအား အများပြည်သူများ အထင်အမြင်မှားအောင် လက်နက််ကြီးနဲ့ ပစ်ခတ်လို့ နေအိမ်တွေမီးလောင်ရတယ်ဆိုပြီး ဗြောင်လိမ်ကာ အပုတ်ချရေးသားထားခြင်းသာဖြစ်ပါတယ်။
